ကူးစက်ခံရသူ အသစ် ၄၇ ဦး

A d v e r t i s e m e n t With Us

March 25, 2020

တရုတ်တွင် နိုင်ငံခြားကလာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၄၇ ဦး တွေ့ရှိ

တရုတ်နိုင်ငံမှာ နိုင်ငံရပ်ခြားကနေ ဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၄၇ ယောက်ကို တွေ့ရှိတယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က မတ် ၂၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။  အသစ်တွေ့ရှိသူတွေအနက် ရှန်ဟိုင်း မြူနီစီပယ်ဒေသက  ၁၉ ယောက်၊ မြို့တော် ပေကျင်းက ၅ ယောက်၊ ဂွမ်ဒေါင်း ပြည်နယ်က ၅ ယောက်၊ တီယန်ကျင်း မြူနီစီပယ်ဒေသက ၄ ယောက်၊ ဖူကျန်း ပြည်နယ်က ၄ ယောက်၊ ကျန်စု၊ စီချွမ်နဲ့ အတွင်းမွန်ဂိုလီးယားဒေသတို့က ၂ ယောက်စီ ဖြစ်ပါတယ်။  ဒါ့အပြင် ကျီလင်း၊ ဟယ်ကျန်း၊ ရှန်ဒေါင်းနဲ့ ရှန်ဇီး ပြည်နယ်တွေကလည်း တယောက်စီ ပါဝင်ပါတယ်။  မတ် ၂၄ ရက်အထိ နိုင်ငံရပ်ခြားကနေဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်  ၄၇၄ယောက် ရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။  မတ် ၂၄ ရက်က တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ ၄ ယောက်နဲ့ သံသယဖြစ်ဖွယ် ကူးစက်ခံရသူ ၃၃ ယောက်ရှိပြီး ကျန်ကူးစက်သူ အားလုံးဟာ နိုင်ငံရပ်ခြားက ပြန်လာသူတွေ ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေးကော်မရှင်က ဆိုပါတယ်။  တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂၈၁ ယောက်ရှိပြီး ပြန်ကောင်းလာသူ ၇၃,၀၀၀ ကျော် ရှိပါတယ်။  ဆေးရုံမှာ ကုသနေဆဲ လူနာ ၄၂၀၀ ကျာ် အပါအဝင် တရုတ်ပြည်မကြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ  ၈၁,၀၀၀ ကျော် ရှိတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။အစီရင်ခံပါတယ်။
11 months Ago
Up