ကူးစက်ခံရသူ လူနာ ၁ ဦး

March 25, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာ ၁ ဦးကို ရုရှားသမ္မတပူတင် တွေ့ဆုံ

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံ  လူနာတဦးကို မတ်လ ၂၄ ရက်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သမ္မတပူတင်ဟာ အဝါရောင်ကာကွယ်ရေးဝတ်စုံကို ဝတ်ပြီး ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကို ကုသပေးနေတဲ့ ဆေးရုံက အဆောင်တခုကို သွားရောက်တွေ့ဆုံခဲ့တာပါ။  သူနာပြုတဦး ရိုက်ထားတဲ့ ဗွီဒီယိုထဲမှာ ကွမ်မူနာကာ ဆေးရုံအကြီးအကဲ၊  နှာခေါင်းစည်း တပ်ထားတဲ့ လူနာတဦးတို့နဲ့ သမ္မတပူတင် စကားပြောနေပါတယ်။ အဲဒီနောက် ဆေးရုံအကြီးအကဲက ဗွီဒီယိုရိုက်ထားတဲ့ မိုဘိုင်းဖုန်းကို ဖျက်ဆီးပစ်ဖို့ သူနာပြုကို ညွှန်ကြားနေတာကို ရုရှား REN TV ကနေ ထုတ်ပြန်ခဲ့ပါတယ်။  ရုရှားနိုင်ငံမှာ အခုထိ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၉၅ ဦး ရှိပြီး သေဆုံးသူ အမျိုးသမီး တဦး ရှိပါတယ်။ ရုရှားနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ဥရောပနိုင်ငံတွေထဲမှာ အတော်လေး နည်းပါးပါတယ်။  ရုရှားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ အစောပိုင်းမှာ သမ္မတပူတင်က ပြောထားပေမယ့် ဆရာဝန်တချို့ကတော့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ တကယ်အမှန်ပဲလားဆိုပြီး မေးခွန်းထုတ်နေကြတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
2 years Ago
Up