ကူးစက်ခံရသူများ

February 11, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအား ကုပေးနေသည့် ပေကျင်းဆေးရုံကို တရုတ်သမ္မတ သွားရောက်

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဖေဖော်ဝါရီလ ၁၀ ရက်က ပေကျင်းမြို့အနီးဝန်းကျင်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရှိတဲ့ ဆေးရုံတခုကို သွားရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် လူနာနှစ်သစ်ကူးရက်ကို ရက်ထပ်မံတိုးထားတဲ့ ပထမဆုံးရက်  ဖြစ်ပါတယ်။  နှာခေါင်းစည်း စည်းပြီး ကိုယ်ပူချိန် အစစ်ခံပြီးနောက် သမ္မတရှီဟာ ပေကျင်း ဒေသခံတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။ ပေကျင်းမြောက်ပိုင်း အန်ဟွာလီအရပ်ကို သွားရောက်ရာမှာတော့ သမ္မတရှီက ဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ယုံကြည်မှု လိုအပ်တယ်လို့  ဒေသခံတွေကို ပြောကြားခဲ့ပါတယ်။  အဲဒီနောက် သမ္မတရှီက ပေကျင်းရှိ ဆေးရုံတခုကို သွားရောက်ပြီး ဝူဟန်မြို့က ဆေးဘက်ပညာရှင်တွေနဲ့ ဗွီဒီယိုကောလ် ခေါ်ဆိုပြောကြားခဲ့ပါတယ်။ ဝူဟန်မြို့ရာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ခဲ့တဲ့ နေရာဖြစ်ပြီး မြို့အဝင်အထွက် အားလုံးကို ပိတ်ထားပါတယ်။  ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားချိန် တရုတ်သမ္မတရှီကို ပေကျင်းမြို့မှာ အများပြည်သူတွေနဲ့အတူ ပထမဆုံး မြင်တွေ့ရတာ ဖြစ်ပါတယ်။
1 year Ago
Up