ကူးစက်ခံရခြင်း မရှိ

March 4, 2020

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း မရှိ 

အအေးမိနေလို့ ရက်ရှည်ဥပုသ်ဝင်ဖို့ အစီအစဉ်ဖျက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ စစ်ဆေးချက်အရ ကိုရိုနာ ဗိုင်းရပ်စ်မရှိဘူးလို့ အီတာလျံသတင်းစာ အီလ်မတ်ဆတ်ဂီရိုက ဖော်ပြပါတယ်။ ဗာတီကန်မြို့တော် ပြောခွင့်ရပုဂ္ဂိုလ် မတ်တီယို ဘရူနီကတော့ ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေး ပြောကြားခြင်း မရှိပါဘူး။ သက်တော် ၈၃ နှစ်အရွယ်ရှိ ကတ်သလစ် သာသနာပိုင်ပုပ်ရဟန်းမင်းကြီးဟာ  လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပဲ အဖျားရောဂါကြောင့် အဆုတ်တစိတ်တပိုင်း ခွဲထုတ်ထားရဖူးသူပါ။ ပြီးခဲ့တဲ့အပတ်ကတော့  ပရိသတ်အများအပြားနဲ့ အတူ ပါဝင်တက်ရောက်မယ့် ဥပုသ်ပွဲအစီအစဉ်ကို အဖျားကြောင့်  ဖျက်သိမ်းခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့တနင်္ဂနွေက စတင်ခဲ့တဲ့တပတ်ကြာ ဥပုသ်အစီအစဉ်ကို  မူလက ပါဝင်ဖို့ရှိပေမယ့် အဖျားကြောင့် မပါဖြစ်ဘဲ ခေတ္တနေထိုင်ရာ ဗာတီကန်ဧည့်ဂေဟာကနေပဲ ဥပုသ်ယူမယ်လို့ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အီတလီနိုင်ငံဟာ ဥရောပမှာ  ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှု အဆိုးဆုံးနိုင်ငံပါ။  ဒီကနေ့မနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၅၀၀ ကျော်နဲ့  သေဆုံးသူကလည်း ၇၉ ဦးအထိ ရှိလာပါတယ်။
1 year Ago
Up