ကူးစက်ခံရ

February 21, 2022

ဗြိတိန်ဘုရင်မကြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

အသက် ၉၅ နှစ်ရှိ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ ဘာမင်ဂန်နန်းတော်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ကြေညာပါတယ်။ 

ဒါပေမဲ့ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ပေါ့ပါးတဲ့တာဝန်တွေကို ဝင်ဆာနန်းတော်ကနေ ဆက်လက်လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။

နန်းတော်ရဲ့ကြေညာချက်မှာ ဘုရင်မကြီးက ဆေးကုသမှုခံယူထားပြီး ကုသမှု သင့်တော်တဲ့ လမ်းညွှန်မှု အားလုံးကို လိုက်နေတယ်လို့ ဖော်ပြပါတယ်။

ထီးနန်းဆက်ခံမယ့် အသက် ၇၃ နှစ်ရှိ ချားလ်မင်းသားက မကြာမီရက်ပိုင်းက ဘုရင်မကြီးနဲ့ တွေ့ဆုံခဲ့တယ်လို့ နန်းတော် အဝန်းအဝိုင်းက ပြောပါတယ်။ ချားလ်ဟာ ဒီလအစောပိုင်းမှာ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူပါ။

ကမ္ဘာမှာ နန်းသက်အရှည်ဆုံးနဲ့ အသက်ကြီးဆုံး ဘုရင်မကြီးက မနှစ်က အောက်တိုဘာလကလည်း နာမကျန်းလို့  ဆေးရုံမှာ တညတာ နေခဲ့ရပါတယ်။  ဘုရင်မကြီးရဲ့ နန်းစံသက် နှစ် ၇၀ ပြည့်ပွဲကို  အခုလ အစောပိုင်းမှာ ကျင်းပခဲ့ပါတယ်။ 

8 months Ago

September 9, 2021

ထိုင်းတွင် တရက်တည်း ကိုဗစ်လူနာသစ် ၁၆,၀၀၀ ကျော်၊ စုစုပေါင်း ၁၃ သိန်းကျော် ကူးစက်ခံရ

ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရသူ ၁၆,၀၃၁ ယောက်ရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၁၃ သိန်းကျော်လာခဲ့ပြီလို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကူးစက်မှုအသစ်တွေထဲက ၆၃၁ ယောက်ကတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်း ထောင်တွေကဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည် ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူ ၁၅,၄၁၇ ယောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ တရက်တည်း ရောဂါကူးစက်ခံရပြီး သေဆုံးသူအယောက် ၂၂၀ ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၃,၇၃၁ ယောက် ရှိလာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၂၃ ဒသမ ၃၈ သန်းကျော်၊ ရောဂါပြန်လည် ပျောက်ကင်းသက်သာလာသူပေါင်း ၁၉၉ ဒသမ ၈၉ သန်းကျော်နဲ့ သေဆုံးသူပေါင်း ၄ ဒသမ ၆ သန်းကျော် ရှိနေခဲ့တယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံကတော့ ကမ္ဘာ့ နိုင်ငံတွေထဲ ရောဂါကူးစက်မှု အမြင့်ဆုံးအဆင့် ၂၉ နေရာကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ထိပ် ဆုံးမှာတော့ အမေရိကန်က ၄၁ သန်းကျော်၊ အိန္ဒိယက ၃၃ သန်းကျော်၊ ဘရာဇီးက ၂၁ သန်းနီးပါး အသီးသီး ကူးစက်ခံထားရပါတယ်။

1 year Ago
More News
Up