ကူးစက်ခံထားရနိုင်

October 6, 2020

ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကူးစက်ခံထားရနိုင်ဟု WHO ပြော

ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း အကြမ်းဖျင်း လူ ၁၀ ယောက်မှာ တစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၅ ရက်မှာ ပြောလိုက်ပါတယ်။  ဒါကြောင့် ကမ္ဘာ့လူဦးရေရဲ့ အများစုဟာ ဗိုင်းရပ်စ်နဲ့ဆက်နွှယ်တဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်လွယ်တယ်လို့ (WHO) အရေးပေါ်လုပ်ငန်း ပရိုဂရမ်ဒါရိုက်တာ မိုက်ရိုင်ယန်က ပြောပါတယ်။  ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကူးစက်ခံထားရပြီးနိုင်ကြောင်း ခန့်မှန်းထားတယ်လို့  မိုက်ရိုင်ယန်က ပြောပါတယ်။  “ကူးစက်ခံထားရမှုဟာ နိုင်ငံပေါ် မူတည် ပြောင်းလဲနိုင်တယ်။ မြို့ပြနဲ့ ကျေးလက်ကြား ကွာခြားနိုင်တယ်။ အုပ်စုတွေပေါ် တည်မှီပြီး ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ ကမ္ဘာ့လူဦးရေရဲ့ လူများစုဟာ အန္တရာယ်ရှိနေဆဲဖြစ်တယ်။” အရှေ့တောင်အာရှဒေသတချို့မှာ ကူးစက်တာတွေ မြင့်မားနေပြီး ဥရောပနဲ့ မြေထဲပင်လယ် အရှေ့ပိုင်းဒေသတွေမှာ ကူးစက်တာနဲ့ သေဆုံးတာတွေ မြင့်တက်နေတယ်လို့ မိုက်ရိုင်ယန်က ဆိုပါတယ်။ အခုဆိုရင် ကမ္ဘာကြီးဟာ ခက်ခဲတဲ့ ကာလတစ်ခုဆီ ဦးတည်နေပြီး ကိုဗစ်-၁၉ ရောဂါဟာ ဆက်လက်ပျံ့နှံ့နေတယ်လို့ သူက ပြောပါတယ်။ ကမ္ဘာ့လူဦးရေဟာ သန်း ၇၈၀၀ လောက်ရှိပြီး လက်ရှိ ကမ္ဘာမှာ ကိုဗစ်-၁၉ ကူးစက်ခံရထားရသူပေါင်း  ၃၅ သန်းခွဲကျော်ရှိတယ်လို့ Worldometers ဝက်ဆိုက်မှာဖော်ပြထားပါတယ်။ 
7 months Ago
Up