ကူးစက်ခံ

July 10, 2020

ဘိုလီးဗီးယားသမ္မတ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ဘိုလီးဗီးယား သမ္မတ ဂျန်နင်း အန်နက်ဇ်က ဇူလိုင်လ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။   ဗိုင်းရပ်စ် ကူးစက်ခံရပေမဲ့ ကျန်းမာရေးကောင်းနေပြီး အလုပ်ကို ဆက်လုပ်နေတယ်လို့ မစ္စအန်နက်ဇ်က ပြောပါတယ်။  ဘိုလီးဗီးယားအစိုးရအဖွဲ့မှာ ကျန်းမာရေးဝန်ကြီးအပါအဝင် အနည်းဆုံး ဝန်ကြီး ခုနှစ်ဦး ရောဂါကူးစက်ခံနေရပြီး အားလုံးဟာ သီးခြားကုသမှုခံယူတာနဲ့ နေအိမ်မှာပဲ အသွားအလာ ကန့်သတ်ခံယူ အလုပ်လုပ်နေပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပါခဲ့သလို  ဘရာဇီးသမ္မတ ဘော်ဆိုနာရိုလည်း ဇူလိုင် ၈ ရက်ကပဲ ကူးစက်ခံ ထားရပါတယ် ။  လာမယ့်စက်တင်ဘာလ ၆ ရက်ကျရင် ဘိုလီးဗီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရှိပါတယ်။   မူလတုန်းက ရွေးကောက်ပွဲကို မေလမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။  
1 year Ago

April 30, 2020

အမေရိကန်တွင် COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်အထိရှိလာ 

အမေရိကန်ပြည်ထောင်စုမှာ COVID-19 အတည်ပြူလူနာဦးရေဟာ တသန်းကျော်သွားပြီလို့  ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို စောင့်ကြည့်နေတဲ့ အမေရိကန်နိုင်ငံ  ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့ ဧပြီ ၂၉ ရက် ညပိုင်း ထုတ်ပြန်ချက်အရ  သိရပါတယ်။ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရဲ့  ကိန်းဂဏန်းတွေအရ အမေရိကန်မှာရှိတဲ့ အတည်ပြု လူနာဦးရေဟာ ၁၀၃၈,၄၅၁ ဦးဖြစ်ပြီး  သေဆုံးသူကတော့  ၆၀,၈၇၆ ဦးဖြစ်ပါတယ်။  နယူးယောက်ပြည်နယ်ကတော့ သေဆုံးမှု မြင့်တက်နေဆဲဖြစ်ပြီး  တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ  အတည်ပြု လူနာ ၁၆၄၈၄၁ ဦးနဲ့ သေဆုံးသူ ၁၈၀၇၆ ဦးဖြစ်ပါတယ် ။ အိမ်ဖြူတော်မှာ ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ထရမ့်ကလည်း   COVID-19 ရောဂါအတွက် ရသမျှဆေးဝါးတွေကို အမြန်အတည်ပြုဖို့ လိုတယ်လို့ အက်ဖ်ဒီအေ တာဝန်ရှိသူတွေကို  ပြောထားပါတယ်။  ရိုက်တာသတင်းကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ remdesivir ဆေးအကြောင်းကို စတင်ဖေါ်ပြခဲ့ပြီး အမေရိကန်ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီဆေးဟာ လက်ရှိမှာ အလားအလာအကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။ 
1 year Ago
More News
Up