လက်နက်တွေအတွက် သုံးတဲ့ ရန်ပုံငွေကို နောက်ထပ် ကူးစက်ကပ်ဘေးကို ဟန့်တားရာမှာ ကူညီရေးအတွက် သုတေသန လုပ်သွားကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုင်ငံရေးသမားတွေကို မေလ ၃၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
အချိန် ၃ လနီးပါးအတွင်း ဗာတီကန်စီးတီးမြို့မှာ အကြီးဆုံး လူထုစုဝေးပွဲကိုလည်း ပုပ်ရဟန်းမင်းကြီးက စီစဉ်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးဒဏ်ကို တိုက်ရိုက်ခံစားခဲ့ရသူ အများအပြားပါတဲ့ လူ အယောက် ၃၀၀ လောက်နဲ့အတူ အခန်းပြင်ပ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီးက ကြီးမှူး ကျင်းပခဲ့တာပါ။
ဝတ်ပြုဆုတောင်းပေးတာ ခံရတဲ့လူတွေထဲမှာ အီတာလျံ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူနာတင်ယာဉ် မောင်းသူတွေနဲ့ နာလန်ထ ကိုဗစ်-၁၉ လူနာတွေနဲ့ မိသားစုဝင် ဆုံးရှုံးသူတွေ လာရောက် ဝတ်ပြုခဲ့တာပါ။
အီတလီမှာ မေလ ၃၁ ရက်ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကူးစက်ခံရသူ အယေက် ၂ သိန်း ၃ သောင်း ကျော်ရှိပြီး ကူးစက်ခံ အယောက် ၃၃၃၄၀ သေဆုံးခဲ့ပါတယ်။
9 months Ago