ကူးစက်

November 12, 2021

မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၅၁၀,၀၀၀ ကျော်ရှိလာ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၅၀ ကျေိာ်နဲ့ ရောဂါကူး စက်ခံရသူ စုစုပေါင်း ၅၁၀,၀၀၀ ကျေိာ်လာခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ် ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေး ပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၄,၂၀၅  ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၉၅၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၃ ဒသမ  ၉၄ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။

တရက်တည်း သေဆုံးသူအသစ် ၁၃ ယောက်ရှိခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းသက် သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၈၄၆ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၅၁၀,၇၂၅ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၈၈၂ ယောက် ရှိနေပါ တယ်။

ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုး နှံပြီးသူ ၅ ဒသမ ၃ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၈ ဒသမ ၈၅ သန်းကျော်နဲ့ စုစု ပေါင်း ၁၄ ဒသမ ၁၅ သန်းကျော်ရှိခဲ့ပြီလို့ အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာ နက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုက မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက်  Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ပေးလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်ညပိုင်းက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းက ၂ မြို့နယ်၊ ပဲခူးတိုင်းက ၅ မြို့နယ်၊ မကွေးတိုင်း ၂ မြို့နယ်၊ မန္တလေးတိုင်း ၁ မြို့နယ်၊ မွန်ပြည်နယ် ၂ မြို့နယ်၊ ရန်ကုန်တိုင်း ၂ မြို့နယ်နဲ့ ဧရာဝတီတိုင်းက ၃ မြို့နယ်တို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း Stay At Home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့ပေါင်း ၅၂ မြို့နယ် ကျန်ရှိပါတယ်။

2 months Ago

August 22, 2021

တရက်တည်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၇၀၀ ကျော်၊ အယောက် ၁၄၀ ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂,၇၀၀ ကျော်နဲ့ အယောက် ၁၄၀ ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၂၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၀,၈၅၅ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂,၇၄၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၂၅ ဒသမ ၂၇ ရာခိုင်နှုန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်ပျောက်ကင်းသက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၄,၅၁၅ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၁၄,၂၃၆ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၇၁,၅၁၂ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင် ကျောင်းတွေပိတ်ထားသလို ရောဂါကိုထိန်းချုပ်နိုင်ဖို့ အများပြည်သူရုံးပိတ်ရက်အဖြစ် အခုလကုန် ဩဂုတ် ၃၁ ရက်အထိကိုလည်း တိုးမြှင့်သတ်မှတ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

နိုင်ငံတဝန်း ပိုးတွေ့နှုန်းများတဲ့ မြို့နယ် ၁၀၀ ကျော်ကိုလည်း Stay At Home မြို့ နယ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

5 months Ago
More News
Up