ကူတောင်ကျေးရွာ

November 3, 2018

ရသေ့တောင် ကူတောင်ကျေးရွာ ဆန္ဒမဲပေးမှု မြင်ကွင်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှာပါဝင်တဲ့ ကူတောင်ကျေးရွာထဲက မဲရုံတွေမှာတော့ မဲရုံတွေကို မနက် ၆ နာရီမှာ ဖွင့်လှစ်ပေးခဲ့ပြီး မဲရုံစတင်ဖွင့်လှစ်ချိန်မှာတော့ မဲဆန္ဒရှင် အချို့ လောက်ပဲ လာရောက်မေးပေးတာကို တွေ့ရပါတယ်။ မနက်ပိုင်းမှာ လာရောက်မဲပေးကြတဲ့ မဲဆန္ဒရှင်တွေကတော့ လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး လယ်ထဲဆင်းအလုပ်လုပ်နိုင်ဖို့အတွက် အခုလို စောစောစီးစီးလာရောက်မဲပေးတာဖြစ်တယ်လို့ ပြောပါတယ်။ ကူတောင်ကျေးရွာမှာ မဲပေးမယ့်သူ ၂  ထောင်ကျော်က မဲရုံ ၃ ရုံမှာ မဲပေးကြမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာ လစ်လပ်နေတဲ့ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနေ့ ကျင်းပနေတာဖြစ်ပြီး ရပ်ကွက် ၂ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၄၆ ရွာရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၅၂၃၀၀က မဲရုံပေါင်း ၈၆ ရုံမှာ မဲပေးကြရမှာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက ရသေ့တောင်မှာ ဆန္ဒမဲပေးနိုင်သူဦးရေ ၅၁၀၀၀ ကျော်သာရှိခဲ့ပေမယ့် အခုနှစ် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၀၀၀ ကျော်တိုးလာတာပါ။ ဆုဆုသွယ်  
3 years Ago
Up