ကူရီတီဘာထောင်သို့ ရောက်ရှိ

April 8, 2018

ဘရာဇီးသမ္မတဟောင်း ပြစ်ဒဏ်ခံယူရန် ကူရီတီဘာထောင်သို့ ရောက်ရှိ

ဘရာဇီးသမ္မတဟောင်း လူလာ ဒေစီလ်ဗာဟာ အဂတိလိုက်စားမှု စွဲချက်အတွက် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကို စတင်ခံယူဖို့ ကူရီတီဘာထောင်ကို ဧပြီ ၇ ရက်နေ့က ရောက်လာပါတယ်။ ညနက်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ရောက်လာခဲ့တာပါ။ သူထောင်ထဲ ရောက်ကြောင်း ကြားသိတာနဲ့ တပြိုင်နက် လမ်းပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဘရာဇီးရဲ့ လွှမ်းမိုးနိုင်ဆုံး နိုင်ငံရေး ပုံရိပ်နဲ့ ဒီနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်ပွဲတွေရဲ့ ရှေ့ပြေး ကိုယ်စားလှယ် စာရင်းထဲက လူတယောက် လျော့သွားတာပါ။ ဒါဟာ ဗဟိုလမ်းစဉ်ဝါဒီ သမ္မတလောင်းအတွက် လမ်းကျယ်ကျယ် ဖွင့်ပေးလိုက်တာပဲလို့ အကဲခတ်တွေနဲ့ နိုင်ငံရေး ပြိုင်ဘက်တွေက ပြောပါတယ်။ လူလာဟာ ကန်ထရိုက် စာချုပ်တွေအတွက် ကူညီဖို့ အင်ဂျင်နီယာ အဖွဲ့တဖွဲ့ဆီက လာဘ်ယူမှုနဲ့ ပင်လယ်ကမ်းခြေက သုံးထပ်တိုက်ခန်းတွဲ တလုံး ပြုပြင်မွမ်းမံမှု အပါအဝင် လာဘ်ယူမှုတွေနဲ့ စွပ်စွဲခံခဲ့ရတာပါ။ သူကတော့ လာဘ်ယူမှု ပိုင်ဆိုင်မှုတွေကို ငြင်းဆို ထားပါတယ်။
3 years Ago
Up