ကူမင်း-တာ့လီ

July 2, 2018

ကူမင်း-တာ့လီ ၁ နာရီ ၂ဝဝ ကီလိုမီတာ မြန်နှုန်းမြင့်ရထား စတင်ပြေးဆွဲ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းနဲ့ တာ့လီကို မြန်နှုန်းမြင့် အမြန်ရထားလိုင်းသစ် စတင်ပြေးဆွဲပြီလို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ရထားလမ်းအရှည်မှာ ၃၂၈ ကီလိုမီတာရှိပြီး ရထားက တစ်နာရီလျင် ၂ဝဝ ကီလိုမီတာနှုန်းနဲ့ ပြေးဆွဲနိုင်မှာဖြစ်ပါတယ်။ ယူနန်ပြည်နယ်ရှိ တာ့လီမြို့မှာ ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ စွဲဆောင်နိုင်တဲ့ လှပတဲ့ မြို့တမြို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုအသစ်ထပ်မံပြေးဆွဲတဲ့ အမြန်ရထားနဲ့ သွားလာမယ်ဆိုပါက ယခင်က မြို့နှစ်မြို့ကြားသွားလာဖို့ ကြာမြင့်ချိန် ၅ နာရီကနေ ၂နာရီအထိ လျော့ချနိုင်မှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up