ကူညီရိုင်းပင်

A d v e r t i s e m e n t With Us

April 24, 2020

ကူညီရိုင်းပင်းတတ်သူဟု စီရော်နယ်ဒိုကို ရမ်ဆေးချီးကျူး

ဂျူဗင်တပ်အသင်းဖော် စီရော်နယ်ဒိုဟာ  ကူညီရိုင်းပင်းတက်တဲ့ လူကောင်းတစ်ဦး ဖြစ်တယ်လို့ ကွင်းလယ်ကစားသမား ရမ်ဆေးက ချီးကျူးလိုက်ပါတယ်။  အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း အာရွန်ရမ်ဆေးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ ခဲ့တာပါ။  အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ အသင်းဖော် ရော်နယ်ဒိုနဲ့ လေ့ကျင့်ရေး ကွင်းနားက စားသောက်ဆိုင်မှာ သူ့နဲ့ အတူလာရောက်စကားပြောဖို့ ရော်နယ်ဒိုက ဖိတ်ခေါ်ခဲ့ တယ်လို့ ရွမ်းဆေးကပြောပါတယ်။  ရော်နယ်ဒိုဟာ ကွင်းတွင်းခြေစွမ်းအရ သမိုင်းတလျှောက်ကမ္ဘာ့အကောင်းဆုံးကစားသမား တစ်ဦးဖြစ်သလို အသင်းဖော်တွေကိုလည်း ကူညီတတ်တဲ့ လူကောင်းတစ်ဦးဖြစ်တယ်လို့ ရမ်ဆေး က ချီးကျူးပါတယ်။  ရမ်ဆေးဟာ အင်စတာဂရမ်ကနေ Live လွှင့်ပြီးပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝ စတင်ရာ ကာဒစ်အသင်းနဲ့ကာဒစ်မြို့ဟာ သူ့ဘဝအတွက် ထူးခြားတဲ့နေရာ တစ်ခုဖြစ်တယ်လို့ လည်း ပြောကြားခဲ့ပါတယ်။
11 months Ago
Up