ဘာစီလိုနာကနေ ဂီတာဖေးအသင်းမှာ အငှားထွက်ကစားနေတဲ့ ကူကာရယ်လာကို ချဲလ်ဆီး အသင်းက ခေါ်ယူလိုနေပါတယ်။
အသက် ၂၁ နှစ်ရှိ မာ့ခ်ကူကာရယ်လာဟာ ဂီတာဖေးအသင်းမှာ ခြေစွမ်းပြနေပြီး ရာသီ အကုန်မှာ ဂီတာဖေးအသင်းက ပေါင် ၆ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မှာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ကူကာရယ်လာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၂၃ သန်းပဲ ရှိတာကြောင့် ပရီးမီးယားလိဂ် ချဲလ်ဆီးအသင်းက ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် သူ့ကို ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘက်နဲ့ လီဗာကူဆင်တို့ကလည်း ခေါ်ယူလိုနေပါတယ်။
ဘယ်နောက်ခံလူတဦးဖြစ်ပြီး ဘယ်တောင်ပံအထိတက်ကာ ဂိုးဖန်တီးစွမ်းလည်းရှိတဲ့ ကူကာရယ်လာဟာ ဘာစီလိုနာအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်။
12 months Ago