ကိုလံဘီယာ မြေပြိုမှု သေဆုံးသူ ၆၀ ကျော်ပြီ

June 20, 2015

ရင်သားအတုထဲ ကိုကင်းထည့်လာသူ အမျိုးသမီးကို ကိုလံဘီယာတွင် ဖမ်းမိ

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုကိုတာ လေဆိပ်မှာ ရင်သားအတု နှစ်မြွှာထဲမှာ ကိုကင်း အရည်ထည့်လာတဲ့ အမျိုးသမီးတယောက်ကို ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးမိလိုက်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ အသက် ၂၂ နှစ်အရွယ် ပါလာ ဒေယန်နီရာ ဆာဘလေဟာ စပိန်ကို သွားဖို့ လေဆိပ် လုံခြုံရေးစည်းကို ဖြတ်တဲ့အချိန်မှာ စိုးရိမ်ထိတ်လန့်နေတဲ့ ပုံစံရှိနေတာကြောင့် မသင်္ကာဖြစ်ပြီး စစ်ဆေးခဲ့တယ်လို့ လေဆိပ်ရဲမှူးကြီး ဒီဂို ရိုစီရိုက သတင်းထောက်တွေကို ပြောပါတယ်။ Woman transporting liquid cocaineဟွန်ဒူးရပ်သူ အမျိုးသမီးဟာ ကိုလံဗီယာကို လွန်ခဲ့တဲ့ ၁၀ ရက်က ရောက်ခဲ့ပြီး သူ့ရင်သားထဲကနေ ကိုကင်းအရည် ၁၅၀၀ ဂရမ်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သူ့ကို ဆေးခန်းကို ပို့ပြီး စစ်ဆေးတဲ့အခါမှာ ရင်သားနှစ်မြွှာမှာ ကိုကင်းအရည် ၁ ဒသမ ၅ ကီလိုဂရမ် ထည့်ထားတာကို ဆရာဝန်တွေက အတည်ပြုပြီး ဖယ်ထုတ်ခဲ့ပါတယ်။ ရင်သားထဲမှာ ကိုကင်းထည့်တဲ့ ခွဲစိတ်မှုကို ကိုလံဘီယာနိုင်ငံ ပီရီယာမြို့မှာ ပြုလုပ်ခဲ့တာကိုလည်း သိရှိရတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ လောလောဆယ်မှာ ခွဲစိတ်မှုကနေ ရလာတဲ့ရောဂါ ကူးစက်ခံထားရပြီး ဆေးရုံပေါ်မှာပဲ ဆက်ရှိနေတယ်လို့ ပြောပါတယ်။ Woman transporting liquid cocaine2ဒီအမှုဟာ ထောင်ဒဏ် ၆ နှစ် ကျခံနိုင်တဲ့ အမှုဖြစ်ပါတယ်။ ကိုလံဘီယာမှာ နှစ်စဉ် ကိုကင်း တန် ၃၀၀ ထုတ်လုပ်ပြီး နှစ်အတန်ကြာကတည်းက မူးယစ်ကုန်သည်တွေ ကျက်စားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။  
6 years Ago

June 3, 2015

မိုးကုတ် မြေပြိုမှု ၄ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဇွန်လ ၂ ရက်နေ့ မနက်ခင်းက မြေပြိုမှု ဖြစ်ပွားပြီး  ကလေးငယ်တဦး အပါအ၀င်  လူ ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။ မိုးသည်းထန်ပြီး အောင်သိဒ္ဓိရပ်ကွက်က အိမ်တအိမ်မှာ ခြံဝင်း အုတ်နံရံပြိုကျမှုကြောင့် လူတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး တာဝန်ကျဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။ “မြေပြိုတာက မနေ့မနက် ၆ နာရီလောက်၊ အောင်သိဒ္ဓိရပ်ကွက်က ဦးကျော်စိုးအိမ်မှာပါ။ သူတို့အိမ်က တောင်စောင်းမှာ ဆောက်ထားတော့ ခြံစည်းရိုးနဲ့ အုတ်တံတိုင်းပြိုကျတယ်၊  အိမ်က မြေကြီးအောက်ရောက်သွားတယ်။  အိမ်ထဲမှာ အိပ်ပျော်နေတဲ့ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံးပါတယ်။ အိမ်ရှင် ဦးကျော်စိုး နဲ့ သူ့သမီး မဖြိုးသီရိကျော်က ဒဏ်ရာရပြီး ဆေးရုံမှာခင်ဗျ ၊ မစိုးရိမ်ရဘူး။” သေဆုံးသူတွေဟာ ဒေါ်တင့်ရှိန် (၇၅) နှစ်၊ ဒေါ်ထွေးထွေးသိမ့် (၄၀) နှစ်၊ ယွန်းနန္ဒာကျော် (၁၆) နှစ်နဲ့ မသင်းဖြူဖြူစိုး ( ၁၀ ) နှစ်တို့ဖြစ်ကာ အားလုံး ဦးကျော်စိုးရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့  သူကဆက်ပြောပါတယ်။ မိုးကုတ် မြတ်စေတနာလူမှု ကူညီရေးအသင်းဝင် ဦးတင်ချိုသွင်က “သူတို့အိမ်က တောင်ကမ်းပါးရံမှာ ဆောက်ထားတာလေ။ အခုက သူတို့အိမ်အထက်ဘက် သူများရဲ့ အုတ်တံတိုင်းက သူတို့အိမ်ပေါ်ပြိုကျတာ။ သေဆုံးသူတွေကို မြေကြီးထဲက ဖော်ထုတ်ပြီး မနေ့ကပဲ အသင်းက သင်္ဂြိုဟ်ပေးလိုက်ပါတယ်။” ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးကုတ်မြို့မရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားကာ ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့  တာဝန်ကျဝန်ထမ်းက ပြောသွားပါတယ်။ ဓာတ်ပုံ -Soe Min Hlaing facebook   [gallery ids="95750,95751,95752,95753,95754,95755"]
7 years Ago
Up