ကိုလံဘီယာအစိုးရနှင့် ကွန်မြူနစ် ဖာ့သူပုန်တို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုး

A d v e r t i s e m e n t With Us

September 27, 2016

ကိုလံဘီယာအစိုးရနှင့် ကွန်မြူနစ် ဖာ့သူပုန်တို့ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုး

ကိုလံဘီယာအစိုးရနဲ့ ကွန်မြူနစ် ဖာ့ (FARC) သူပုန်တွေကြား စက်တင်ဘာ ၂၆ ရက်နေ့က တရားဝင် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးခဲ့ကြပြီး ၅၂ နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်လိုက်ပါတယ်။ တီမိုရှန်ကိုလို့လည်း လူသိများတဲ့ သူပုန်ခေါင်းဆောင် တီမိုလီယမ် ဟေးမဲနက်စ် (Timoleon Jimenez) က အနှစ် ၅၀ ကျော်ကြာ ပြည်တွင်းစစ်အတွင်း ထိခိုက်နစ်နာခဲ့မှုတွေ အားလုံးအတွက် တောင်းပန်ခဲ့ပြီး အခမ်းအနားကို တက်ရောက်လာသူ အားလုံးက သောင်းသောင်းဖြဖြ သြဘာပေးခဲ့ကြပါတယ်။ ကိုလံဘီယာနိုင်ငံမြောက်ပိုင်းက ရှေးဟောင်း သမိုင်းဝင် အပန်းဖြေကမ်းခြေမြို့တမြို့ဖြစ်တဲ့ ကာတာဟဲနာ (Cartagena) မြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး တရားဝင်လက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အပါအ၀င် ကိုလံဘီယာ အိမ်နီးချင်းနိုင်ငံ ခေါင်းဆောင်တွေ စုံစုံလင်လင် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူအားလုံး ငြိမ်းချမ်းရေး လက္ခဏာအဖြစ် အဖြူရောင် ၀တ်ဆင်ခဲ့ကြပါတယ်။ ကိုလံဘီယာပြည်တွင်းစစ်ဟာ စစ်အေးခေတ်ရဲ့ နောက်ဆုံးပဋိပက္ခအဖြစ် ဖော်ပြခဲ့ကြပြီး စစ်အတွင်း ကိုလံဘီယာပြည်သူ ၂ သိန်း ၆ သောင်းကျော် သေဆုံးခဲ့သလို ၆ သန်းကျော်လည်း ပြည်တွင်းစစ်ဘေးဒုက္ခသည် ဖြစ်ခဲ့ကြရပါတယ်။ ကမ္ဘာပေါ်မှာ စစ်ပွဲတခု ချုပ်ငြိမ်းသွားလို့ ကမ္ဘာ့ပြည်သူတွေရော၊ ကိုလံဘီယာပြည်သူတွေပါ အောင်ပွဲခံနေကြပြီဖြစ်တယ်လို့ ကိုလံဘီယာသမ္မတ ဆန်းတို့စ်က ပြောပါတယ်။
4 years Ago
Up