မက္ကဆီကိုနိုင်ငံက ကိုလီမာ မီးတောင်ဟာ ဇန်နဝါရီ ၁၆ ရက်နေ့က ပေါက်ကွဲမှုထပ်ဖြစ်ခဲ့ပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ ပေတသောင်းတထောင်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီ မိနစ် ၂၀ မှာ ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ အမြင့်ပေ ၁၁၄၈၂ ပေထိ မြင့်တက်ခဲ့ပါတယ်။
မီးတောင်ဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပထမဆုံးအကြိမ် ပြန်လည်သက်ဝင်လာပြီး မီးခိုးနဲ့ ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ ၈၈၅၈ ပေအထိ မြင့်တက်ခဲ့တယ်လို့ volcanodiscovery.com ဝက်ဆိုက်က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းမှာ ဒုတိယအကြိမ် ထပ်မံပေါက်ကွဲခဲ့ပါတယ်။
အခုနောက်ဆုံးနဲ့ အမြင့်ဆုံးပေါက်ကွဲမှုကတော့ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီမီးတောင်ဟာ မက္ကဆီကိုအနောက်ခြမ်းရှိ ကိုလီမာနဲ့ ဂျာလီစကိုပြည်နယ် နှစ်ခုကြားမှာ တည်ရှိပြီး မက္ကဆီကိုရဲ့ သက်ဝင်လှုပ်ရှားမှုအများဆုံး မီးတောင်တွေထဲက တခုဖြစ်ပါတယ်။
ကိုလီမာ မီးတောင်ဟာ Fire Volcano “မီး မီးတောင်” အဖြစ် ထင်ရှားပြီး လာဗာချော်ရည်အသစ်တွေ များပြားလာတာကြောင့် အခုလို ပေါက်ကွဲခဲ့တာလို့ volcanodiscovery.com ဝက်ဆိုက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
4 years Ago