တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတို့ဟာ ဇွန်လ ၁၈ ရက်မှာ ပြုလုပ်မယ့် နှစ်နိုင်ငံ အားကစားဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်မယ့် ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။
ဆွေးနွေးပွဲကို နှစ်နိုင်ငံ နယ်စပ်က အပစ်ရပ်ထားတဲ့ နယ်စပ်ရွာ ပန်မွန်ဂျွန်းမှာ ပြုလုပ်မယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို လက်ရှိ တောင်ကိုရီးယားအားကစားနဲ့ အိုလံပစ်ကော်မတီအတွင်းရေးမှူးချုပ် ဂျွန်ချောင်ယူက ဦးဆောင်မှာဖြစ်ပြီး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ကိုတော့ မြောက်ကိုရီးယား အားကစား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ကီလူက ဦးဆောင်မှာဖြစ်ပါတယ်။
တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန အရာရှိတွေကတော့ နှစ်ဖက်စလုံးဟာ အားကစားအမျိုးမျိုးမှာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားဖို့၊ နှစ်နိုင်ငံ ဘတ်စကတ်ဘော ပြိုင်ပွဲကျင်းပတာမျိုးနဲ့ သြဂုတ်လမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပမယ့် ၂၀၁၈ အာရှအားကစားပွဲတော်မှာ ပူးတွဲပါဝင်တာမျိုးလို ကိစ္စရပ်တွေ ဆွေးနွေးသွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။
5 years Ago