ကိုရီးယားလူမျိုးတဦး

May 31, 2018

ကိုရီးယားလူမျိုးတဦး သုဝဏ္ဏဘူမိလေဆိပ်တွင် ခိုးမှုဖြင့် တရားစွဲခံရ

ကိုရီးယားလူမျိုးတဦးကို ခရီးသွားဖော်တဦး မေ့ကျန်ခဲ့တဲ့ ဘတ် ၁ သောင်းပါ ပိုက်ဆံအိတ် ခိုးမှုနဲ့ သုဝဏ္ဏဘူမိလေဆိပ်မှာ ဖမ်းဆီးတရားစွဲလိုက်တယ်လို့ သိရပါတယ်။ လီဂျွန်ကွမ်ဆိုတဲ့ ကိုရီးယားအမျိုးသားက လေဆိပ်ဈေးဆိုင်တဆိုင်မှာ ခရီးသွားတဦး မေ့ကျန်ခဲ့တဲ့ ပိုက်ဆံအိတ်ကို ခိုးယူခဲ့တာဖြစ်ပြီး မေလ ၂၉ ရက်နေ့ သူ စီးမယ့်လေယာဉ် မထွက်ခွာခင် လေဆိပ်က ချက်-အင်ကောင်တာမှာ သူ့စာရွက်စာတမ်းတွေကို စစ်ဆေးနေချိန် ရဲတွေက ဖမ်းလိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အသက် ၂၉ နှစ်အရွယ် အမျိုးသားက ဦးဆုံးစွပ်စွဲမှုကို ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲတွေက သူပိုက်ဆံအိတ်ယူသွားတာကို လုံခြုံရေးကင်မရာမှတ်တမ်းကနေ ပြန်ပြခဲ့လို့ ခိုးယူခဲ့တာကို ဝန်ခံခဲ့တယ်လို့ သုဝဏ္ဏဘူမိလေဆိပ်ရဲချုပ် ဝီရော့တ်တက်ဆိုက မေ ၃၀ ရက်နေ့က ပြောပါတယ်။ ခိုးခံရသူ ပါ့ခ်ပြုံမိုးက လေဆိပ်ဒုတိယထပ်က ဖုန်းဆိုင်ကို သွားပြီး သူ့ရဲ့ အနက်ရောင် ပိုက်ဆံအိတ်ကို ဆိုင်ကောင်တာမှာ ထားပြီး မေ့ကျန်ခဲ့တယ်၊ သတိရလို့ သွားပြန်ယူတော့ အိတ်က အဲ့ဒီမှာ မရှိတော့ဘူးလို့ ရဲတွေကို ပြောပါတယ်။ စုံစမ်းရေးအရာရှိတွေက မစ္စတာလီ ပိုက်ဆံအိတ်ကို တွေ့ပြီးတဲ့နောက် တယ်လီဖုန်းဆိုင်က ဆိုင်ဝန်ထမ်းတွေနဲ့ တယ်လီဖုန်း ကွန်ရက်တွေအကြောင်း မေးပြီး စကားပြောကာ သူထွက်သွားချိန်မှာ ပိုက်ဆံအိတ်ကို ယူသွားတာလို့ ပြောပါတယ်။ စောင်ကြည့်ရုပ်သံကို ရဲတွေ ကြည့်ပြီးတဲ့နောက်မှာတော့ သူ့ကို အမြန်ပဲ ရှာတွေ့ခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up