ကိုရီးယားကျွန်းဆွယ်အရေး တရုတ်နှင့်တောင်ကိုရီးယား တွေ့ဆုံ

January 6, 2018

ကိုရီးယားကျွန်းဆွယ်အရေး တရုတ်နှင့်တောင်ကိုရီးယား တွေ့ဆုံ

ကိုရီးယားကျွန်းဆွယ်အရေးနဲ့ပတ်သက်ပြီး တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ခေါင်ရှန်းယို နဲ့  တောင်ကိုရီးယားအစိုးရရဲ့ ကိုရီးယားကျွန်းဆွယ်ဆိုင်ရာ  အထူးကိုယ်စားလှယ် လီဒိုဟွန်းတို့  မနေ့က ဆိုးလ်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ မြောက်ကိုရီးယားက လက်ခံလိုက်အပြီး အခုလိုတွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံကိုယ်စားလှယ်တွေဟာ မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ ကိုရီးယားကျွန်းဆွယ် အခြေအနေတွေကို ဆွေးနွေးဖွယ်ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၄ ရက်နေ့က ပြောကြားပါတယ်။ မြောက်ကိုရီးယားဟာ ဇန်နဝါရီ ၉ ရက်မှာ ဆွေးနွေးဖို့ တောင်ကိုရီးယားဘက်က ကမ်းလှမ်းချက်ကို ဇန်နဝါရီလ ၅ ရက်က လက်ခံလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြုလုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင်မှုကို ဆိုင်းငံ့လိုက်အပြီး နာရီပိုင်းအကြာမှာပဲ တွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယားက လက်ခံလိုက်တာဖြစ်ပါတယ်။
3 years Ago
Up