ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို ထိုင်းတက္ကစီသမားများ လုယက်ခေါ်ဆောင်

November 29, 2015

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး ပြန်လွတ်၊ ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီး အမှုနဲ့ ပတ်သက်ပြီးတော့ ပြစ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းမိထားတယ်လို့ ပထုံဌာနီ ခရိုင် ဆာခွပ် ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ဆာခွပ်ရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “ပြစ်မှု ကျူးလွန်သူ ၂ ဦးကို ဖမ်းမိပြီးတော့ အခု ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး၊ လူကြီးတွေ ရောက်လာရင်  သတင်းစာရှင်းလင်းပွဲ လုပ်ဖို့တော့ ရှိတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ မြန်မာအမျိုးသမီးနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။ ထိုင်းသတင်းတွေအရ ပြစ်မှုကျူးလွန်သူတွေဟာ အသက် ၃၇ နှစ်အရွယ် နိုင်ချာလီ နိုခေါင် နဲ့ အသက် ၃၀ အရွယ် နိုင်ဆလာဝပ်တို့ကို ဖက်ချဘွန်း (phetchabun) ခရိုင်မှာ ဖမ်းမိပြီး အသက် ၃၇ နှစ်အရွယ် နိုင်အာနွန်းကတော့ လွတ်မြောက်နေသေးတယ်လို့ သိရပါတယ်။ ထိုင်းရတ်သတင်းမှာတော့ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး မအိအိမိုး ပြန်လွတ်လာကြောင်း၊ သူမကို တက္ကစီသမားတွေက တိုက်ခန်းတခုကို ခေါ်သွားပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူညီတောင်းခံလို့ ပြန်လွတ်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲဒီ ကိုယ်ဝန်ဆောင် မြန်မာ အမျိုးသမီးဟာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက်  ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
7 years Ago

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးအား လုယက်ခေါ်ဆောင်သူများကို ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတဦးကို လုယက်ခေါ်ဆောင်သွားတဲ့အမှုနဲ့ ပတ်သက်ပြီး တက္ကစီကားသမားတွေကို ပထုံဌာနီခရိုင် ဆာခွပ်ရဲစခန်းက  ဒီကနေ့  ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ အမျိုးသမီးကို  နိုဝင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး ပထုံဌာနီမြို့နယ်က ရဲအရာရှိ ဆာရို ခုန်းဆတ်က တက္ကစီသမားတွေကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ အမ်ထိုင်းသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် ကားသမားတွေ ဘယ်သူတွေဖြစ်တယ် ဆိုတာနဲ့ အမျိုးသမီးကို ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ ပြောကြားခြင်း မရှိပါဘူး။ စီစီတီဗွီ ကင်မရာကို စစ်ဆေးကြည့်တော့ သူတို့က တက္ကစီ အစိမ်းနဲ့အ၀ါ နှစ်ရောင်စပ် ကားကို အသုံးပြုခဲ့ကြောင်း၊ ကားကို ငှားရမ်းအသုံးပြုခဲ့တာဖြစ်ပြီး ပိုင်ရှင်ကို ပြန်လည်အပ်လိုက်ပြီလို့ ရဲအရာရှိ ဆာရိုက ပြောပါတယ်။ တာဝန်ရှိသူတွေက ကားပိုင်ရှင်နဲ့ ကားကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ထိုင်းနိုင်ငံမှာ ကားငှားမယ်ဆိုရင် ထိုင်းနိုင်ငံသား တဦးအနေနဲ့ နိုင်ငံသား မှတ်ပုံတင် ကို မိတ္ထူပေးထားရသလို နိုင်ငံခြားသား ဖြစ်ပါက ပတ်စပို့ မိတ္တူ နဲ့ ပေးပြီး ငှားရပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းက ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီး အသက် ၂၂ နှစ်ရွယ် မအိအိမိုးဟာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက်  ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ချခဲ့ပြီး အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ထိုင်းရတ်သတင်းက ဖော်ပြထားပါတယ်။ ကားသမားတွေ လုယက်သွားတဲ့ ပစ္စည်းတွေကတော့ ဟန်ဖုန်း၊ ဘတ်ငွေ ၆၀၀ အလုပ်သမား ပတ်စပို့တွေ ဖြစ်ပါတယ်။ ဓာတ်ပုံ - mthai  
7 years Ago

November 28, 2015

ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို ထိုင်းတက္ကစီသမားများ လုယက်ခေါ်ဆောင်

ထိုင်းနိုင်ငံမှာ တက္ကစီသမားတွေက မြန်မာအမျိုးသားကို ရိုက်နှက်လုယက်ပြီး ကိုယ်ဝန် ၂ လရှိတဲ့ အမျိုးသမီးကို ဒီကနေ့ မနက်အစောပိုင်း ၅ နာရီလောက်က အတင်းအကျပ် ခေါ်ဆောင်သွားပါတယ်။ ထိုင်းနိုင်ငံ ပထုံဌာနီ ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး အသက် ၂၂ နှစ်ရွယ် မအိအိမိုးဟာ အသက် ၃၀ အရွယ် အမျိုးသားဖြစ်သူ ကိုသိန်းစိုးနဲ့အတူ မဲဆောက်ကနေ ဘန်ကောက်ကို တက်ရောက်လာပြီးနောက် တက္ကစီငှားစီးခဲ့စဉ် အခုလို ဖမ်းဆီးခေါ်ဆောင်သွားခံရတာပါ။ ကားသမားဟာ ပထုံဌာနီခရိုင်အတွင်းက လမ်းခုလပ်တနေအရောက်မှာ အမျိုးသား ၂ ဦးကို ထပ်တင်ပြီးနောက်  ကိုသိန်းစိုးကို ၀ိုင်းဝန်းရိုက်နှက် ပစ္စည်းတွေယူကာ အမှိုက်ပုံမှာ ပစ်ထားခဲ့ပြီးတဲ့နောက် မအိမိမိုးကို အတင်းအကျပ် ခေါ်ဆောင်သွားတယ်လို့ ရိုက်နှက်ခံရသူ ကိုသိန်းစိုးက ပထုံဌာနီရဲကို ထွက်ဆိုခဲ့ကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ ကိုသိန်းစိုးကို ဒေသခံတွေက တွေ့ရှိပြီး ရဲစခန်းအကြောင်းကြားခဲ့လို့ တာဝန်ရှိသူတွေက အခင်းဖြစ်နေရာကို သွားရောက် စစ်ဆေးခဲ့ကြစဉ် ဖြစ်စဉ်ကို အခုလို ပြောကြားခဲ့တာပါ။ ကားသမားတွေ လုယက်သွားတဲ့ ပစ္စည်းတွေကတော့ ဟန်ဖုန်း၊ ဘတ်ငွေ ၆၀၀ အလုပ်သမား ပတ်စပို့တွေ ဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးကို ခေါ်ဆောင်သွားတဲ့ တက္ကစီသမားတွေကို ပထုံဌာနီခရိုင် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။ ဓာတ်ပုံ - thairath  
7 years Ago
Up