ကိုယ်ဝန်ဆောင်မိခင်နှင့် သမီးလေး၏အက ပရိသတ် ၂၁ သန်းကျော် ကြည့်ရှု(ရုပ်သံ)

July 5, 2015

တရုတ်နိုင်ငံ အရှေ့ပိုင်းက သစ်သား ရိုလာ ကိုစတာ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း အန်ဟွိုင် ခရိုင် ၀ူဟူးမြို့မှာ သစ်သားနဲ့ လုပ်ထားတဲ့ ရိုလာကိုစတာကို အရင်သီတင်းပတ်က စတင်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်တွေ မြို့ကို လာရောက်ဖို့ ဆွဲဆောင်တဲ့ အနေနဲ့ လုပ်ဆောင်တဲ့ ရိုလာ ကိုစတာဟာ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အကြီးဆုံးလည်းဖြစ်ပါတယ်။ ဒီရိုလာကိုစတာဟာ အရှည်အားဖြင့် ၁၀၆၀ မီတာ ရှိပြီး အမြင့်က ၃၂ မီတာမြင့်ပါတယ်။ ရိုလာကိုစတာဟာ အမြန်ဆုံး အရှိန်နဲ့ တနာရီကို ၉၁ ကီလိုမီတာနဲ့ သွားနိုင်ပြီး စီးနင်းတဲ့သူတွေကို သဲထိတ်ရင်ဖို အတွေ့အကြုံ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ၁၉၂၀ လောက်က အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အပန်းဖြေ ပန်းခြံတွေမှာ ဒီလို သစ်သား ရိုလာကိုစတာတွေ ထွန်းကားခဲ့ပြီး နောက်ပိုင်းမှ သံနဲ့ ရိုလာကိုစတာတွေ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - CCTVNews  
6 years Ago

အွန်လိုင်းပေါ်ရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ စန္ဒရားလက်သံ (ရုပ်သံ)

ဇူလိုင် ၄ ရက် အမေရိကန် ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ မတိုင်ခင်မှာ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဒေါက်တာ ကွန်ဒိုလီဇာ ရိုက်စ်က Amazing Grace “အံ့ဖွယ် ဂုဏ်ကျက်သရေ” ဆိုတဲ့ ဓမ္မတေး သီချင်း တီးခတ်နေတဲ့ ရုပ်သံကို လူမှုရေးကွန်ရက်ပေါ်တင်ခဲ့ပါတယ်။ ဂရမ်မီဆုအတွက် ရွေးချယ်ခံထားရတဲ့ တယော ပညာရှင် အုပ်စ်ဘတ်ကာနဲ့ အတူ ၅ မိနစ်နီးပါးကြာတဲ့ ရုပ်သံမှာ ရိုက်စ်က  စန္ဒယားကို တီးခတ်ထားပါတယ်။ ဇူလိုင် ၃ ရက်က သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ “Amazing Grace က ကျမနှလုံးသားထဲက အထူးနေရာ တခုမှာ အမြဲတမ်း သိမ်းထားပါတယ်။” လို့ ဒေါက်တာ ရိုက်စ်က ရေးပါတယ်။ ဒီတိုင်းပြည်မှာ ရှိနေတဲ့ ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ ကျမတို့ လွတ်လပ်မှု အတွက် ပေးဆပ်သွားတဲ့ အမျိုးသမီးနဲ့ အစိုးရ အမှုထမ်းတွေကို အသိအမှတ်ပြုဖို့ ဇူလိုင် ၄ ရက် စနေတနင်္ဂနွေ အားလပ်ရက်နဲ့ တိုက်ဆိုင်နေတဲ့ အချိန်မှာ ဒီဗွီဒီယိုကို ထုတ်ဖို့ သင့်တော်မယ်လို့ ထင်ပါတယ်လို့လည်း ရိုက်စ်က ရေးသားထားပါတယ်။
6 years Ago

July 2, 2015

ကိုယ်ဝန်ဆောင်မိခင်နှင့် သမီးလေး၏အက ပရိသတ် ၂၁ သန်းကျော် ကြည့်ရှု(ရုပ်သံ)

ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ သူမရဲ့ ချစ်စရာသမီးငယ်လေးရဲ့ ၁၅ မိနစ်တာအက ဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် တင်လိုက်တဲ့အချိန်မှာ ပရိသတ်သန်းပေါင်းများစွာ ကြည့်ရှုအားပေးကြပါတယ်။ နစ်ကီတေလာဟာ ရှစ်လသားကိုယ်ဝန်ဆောင်ထားရသူဖြစ်ပြီး သူမရဲ့သမီးငယ် ဂျေလင်းနဲ့အတူတူ ပါဝင်ကပြထားတဲ့ ဒီဗွီဒီယိုဖိုင်ဟာ ဂျေလင်းရဲ့ဖခင် ဘလိန်း အလုပ်သွားနေစဉ်မှာ ပို့ပေးဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပေမယ့် သူတို့က အဲဒီအစား ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် တင်လိုက်တဲ့အချိန်မှာ ပရိသတ် သန်းချီရရှိခဲ့တာဖြစ်ပါတယ်။ ဂျေလင်းက ကင်မရာဘက်ကိုလှည့်ပြီး “အရမ်းအကတော်တဲ့တယောက်… မကြာခင်လာပါတော့မယ်” လို့ သူ့အမေကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူက သူမရဲ့မိခင် နစ်ကီကို ပရိသတ်က ကိုယ်ဝန်ဆောင်အမျိုးသမီးမှန်း မသိခင်မှာ မရယ်ကြဖို့ အရင်ကြိုပြောခဲ့ပြီး သူမအမေဘက်ကို လိုက်ဖမ်းရင်း “သမီးမောင်လေးကို ချစ်တယ်” လို့ စိတ်လှုပ်ရှားတဲ့ပုံနဲ့ ပြောလိုက်ပါသေးတယ်။ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ကာဗွန်ဒေးလ်အရပ်က သားအမိနှစ်ယောက်ဟာ အဆိုတော် ဆိုင်လန်တိုရဲ့ Watch Me Whip သီချင်းကို စဖွင့်လိုက်တာနဲ့တပြိုင်နက် ကခုန်ကြတော့တာပါပဲ။ ဂျေလင်းဟာ သူမရဲ့အကစွမ်းရည်တွေကို ကင်မရာတလျှောက် သူမရဲ့မိခင်နဲ့အတူ ကပြပါတယ်။ အဲဒီဗွီဒီယိုကလစ်ဟာ ဇွန်လ ၂၆ ရက်နေ့က ခုချိန်ထိ ကြည့်ရှုသူပေါင်း ၂၁ ဒသမ ၈ မီလီယံထက်မနည်း မြင့်တက်နေခဲ့ပါတယ်။
6 years Ago
Up