ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရန် အကယ်ဒမီသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်ပြော

A d v e r t i s e m e n t With Us

December 21, 2016

ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်ကျင်းပသည့် ခရစ္စမတ်ဆုတောင်းပွဲ (ရုပ်သံ)

ခရစ်တော်မွေးနေ့အကြိုအထိမ်းအမှတ် နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မိသားစုတွေက မနေ့ညကလာရောက်ပြီး ဓမ္မတေးသီချင်းတွေ သီဆိုဆုတောင်းကောင်းချီးပေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ခရစ္စမတ်လက်ဆောင် ပြန်လည် ပေးအပ်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ ရုပ်သံ - သက်ပိုင်ရှိန်း
4 years Ago

April 3, 2016

ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရန် အကယ်ဒမီသ၀ဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်ပြော

အောင်မြင်တဲ့ ရုပ်ရှင်ကားတခု ဖန်တီးသလိုပဲ တိုင်းသူပြည်သားအားလုံးက ကိုယ်ကျရာနေ ရာက ကိုယ့်တာဝန်ကျေပွန်အောင်လုပ်ဆောင်ကြရင် နိုင်ငံမလွဲမသွေ တိုးတက်ပြောင်း လဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဧပြီ ၃ ရက် ဒီနေ့ကျင်းပတဲ့ ရုပ်ရှင်အကယ်ဒမီပေးပွဲကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ သူက “ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ မေတ္တာနဲ့သူရာ ဇာတ်ကားကနေ အခုခေတ် ကျမက နှင်းဆီပါမောင် ဇာတ်ကားအဆုံး ဖြတ်သန်းလာခဲ့ရတဲ့ ခရီးလမ်းတလျှောက် အတွေ့အကြုံတွေ စိမ်ခေါ်မှုတွေ အောင်မြင်မှုတွေနဲ့ သင်ခန်းစာတွေ အမျိုးစုံကြုံတွေ့ခဲ့ရပြီးပြီ၊ အခုလို ပိုပြီး ပွင့်လင်းလာတော့မယ့်ခေတ်မှာ ရုပ်ရှင်လောကတခုလုံး အနုပညာရော အတတ်ပညာပါ ပိုပြီး တိုးတက်အောင်မြင်လာမယ်” လို့ မျှော်လင့်မိကြောင်းလည်း ရေးသားထားပါတယ်။ တိုင်းပြည်ပြောင်းလဲချိန်တန်ပြီဖြစ်လို့ တိုင်းသူပြည်သားတွေ ကိုယ့်တာဝန်ကိုယ်ကျေကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ပွဲကို သူမတက်နိုင်တဲ့အတွက် တောင်းပန်လိုက်ပြီး ရုပ်ရှင်ဟာ လူထုကြား အထိုးဖောက်နိုင်ဆုံးနဲ့ သြဇာ သက်ရောက်မှုအရှိဆုံးလို့လည်း သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။ လာမယ့် ၂၀၂၀မှာ မြန်မာ့ရုပ်ရှင်သက်တမ်း နှစ် ၁၀၀ပြည့်တော့မယ့်အကြောင်းလည်း သ၀ဏ်လွှာထဲ ဖော်ပြပါရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ရှင်အကယ်ဒမီပွဲသ၀ဏ်လွှာကို ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ဖတ်ကြားမှာ ဖြစ်ပါတယ်။
5 years Ago
Up