ကိုယ်လုံးတီးဝါဒီ

A d v e r t i s e m e n t With Us

February 24, 2016

အ၀တ်အစားမ၀တ်ဘဲ စက်ဘီးစီးလှည့်လည်သည့် ကိုယ်လုံးတီးဝါဒီ အမျိုးသား

နယူးဇီလန်နိုင်ငံသား နစ်ခ်လိုဝီဟာ ကိုယ်လုံးတီးဝါဒီတဦးဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကိုယ်လုံးတီးနဲ့ လူပုံအလယ် စက်ဘီးစီး လှည့်လည်ပြပြီးနောက် လူသိများလာခဲ့သူပါ။ စက်ဘီးစီးနင်းချိန်မှာ အ၀တ်အစားမပါဘဲ ဇနီးဖြစ်သူချုပ်ပေးတဲ့ ကျားသစ်ကွက် ကြိုးတချောင်း လန်ကွတ်တီ အတွင်းခံ၊ ဦးထုပ်နဲ့ ရှူးဖိနပ်တရံသာ စီးထားခဲ့တာပါ။ ဒါဟာ သူ့ကိုတွေ့မြင်ရသူတွေအဖို့ အကြည့်တချက်တည်းနဲ့တင် မလုံလောက်တော့ဘဲ ပိုမိုဆွဲဆောင်နိုင်ခဲ့တယ်လို့ နယူးဇီလန်အခြေစိုက် စတပ်ဖ်သတင်းမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဖော်ပြပါတယ်။ သူ့အတွက် စက်ဘီးစီးချိန်မှာ ၀တ်ဆင်ဖို့ ကြိုးတချောင်း လန်ကွတ်တီအတွင်းခံတွေ စုဆောင်းထားရလိမ့်မယ်လို့ ထင်စရာရှိပေမယ့် ကိုယ်တီးဝါဒီတဦးဖြစ်တဲ့ လိုဝီကတော့ ဘာမှမပါဘဲ စီးနင်းဖို့ကို ပိုပြီး စိတ်အားထက်သန်တာလို့ ဆိုပါတယ်။ ဒါဟာ လိုဝီအတွက် အများပြည်သူကြား ပထမအကြိမ် ကိုယ်လုံးတီးနဲ့ စက်ဘီးစီးနင်းတာမျိုးတော့ မဟုတ်ပါဘူး။ အများပြည်သူကြား အ၀တ်မပါဘဲ ကိုယ်လုံးတီး စက်ဘီးစီးနင်းမှုကြောင့် လိုဝီဟာ တရားရုံးပေါင်းများစွာမှာ အမှုတွေ ရင်ဆိုင်ခဲ့ရပြီး သူ့ခံယူချက်အတိုင်း ခုခံကာကွယ်ခဲ့ရတာပါ။ ၂၀၀၉ ခုနှစ် ကမ္ဘာ့ကိုယ်လုံးတီးစက်ဘီးစီးသူများနေ့မှာ သူ့ကိုတွေ့လိုက်ရတဲ့ အမျိုးသမီးတဦးက စောဒကတက်ခဲ့လို့ တရားရုံးက ပြစ်ဒဏ်ချမှတ် အရေးယူခဲ့ချိန်မှာ သူက အထက်တရားရုံးမှာ အယူခံဝင်ပြီးမှ အနိုင်ရခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ လိုဝီက “အဲဒီတုန်းက တကယ့်ကို ရှုပ်ထွေးမွန်းကြပ်တဲ့ အချိန်တခုပါပဲ” လို့ ၀န်ခံလိုက်တာပါ။ “ဒေါ်လာ ၂၀၀ ဒဏ်ကြေးအတွက် ကျနော်က ဒေါ်လာ ၅၀၀၀ လောက် ကုန်ကျခံပြီး အယူခံဝင်ခဲ့ရတာပါ။ ဒါပေမယ့် အဲဒါက မူတခုပဲလေ။” တရားသူကြီး ကလစ်ဖ်ဖို့ဒ်က အဲဒီအချိန်တုန်းက လိုဝီဟာ ကိုယ်လုံးတီးနဲ့ လှည့်လည်ခဲ့ပေမယ့် တခြား ထိခိုက်စော်ကားမှုမျိုး မရှိခဲ့တဲ့အတွက် အမှုကို ရုပ်သိမ်းပေးခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ လိုဝီက “ကိုယ်လုံးတီးဝါဒီတဦး ဖြစ်ရတဲ့အတွက် သက်တောင့်သက်သာဖြစ်ပြီး အ၀တ်အစားတွေကြောင့် ၀န်ထုပ်ဝန်ပိုး မဖြစ်စေတော့ဘူးပေါ့” လို့ ပြောပါတယ်။ သူရော ဇနီးသည် ၂ ဦးစလုံးဟာ ကိုယ်လုံးတီးဝါဒီတွေ ဖြစ်ကြပြီး လိုဝီအနေနဲ့ လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ကမ္ဘာ့ကိုယ်လုံးတီး စက်ဘီးစီးနင်းသူများနေ့ အထိမ်းအမှတ် စီးနင်းသွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up