ကိုပါအမေရိကားဖလား ဥရုဂွေးနှင့်ပါရာဂွေး သရေကျ

June 30, 2015

အိမ်ရှင် ချီလီ ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၂၉  ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ချီလီက ပီရူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ပွဲအစ မိနစ် ၂၀ လောက်မှာ ပီရူးနောက်ခံလူ ဘောလုံးဖျက်တာ ကြမ်းလို့ ဆိုပြီး အငြင်းပွား ဖွယ်ရာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရလို့ ပီရူးအသင်းဟာ စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ချီလီအသင်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ယှဉ်ပြိုင်သွားပြီး ပီရူးက တန်ပြန်တိုက်စစ်တွေ အသုံးပြု ကစားသွားခဲ့ပါတယ်။ ချီလီအတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ ကျူပီအာအသင်း တိုက်စစ်မှူးဟောင်း ဗာဂတ်စ်က သွင်းယူပါတယ်။ ပီရူးအတွက် ချေပဂိုးကိုတော့ မိနစ် ၆၀ မှာ  ချီလီနောက်ခံလူ ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ချီလီအသင်းအတွက် အနိုင်ဂိုးကိုတော့ ၆၄ မိနစ်မှာ ဗာဂတ်စ်ကပဲ သွင်းယူပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ပါရာဂွေး အသင်းတို့ ဇွန်လ ၃၀ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့အသင်းနဲ့ ချီလီအသင်း နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချီလီဟာ ကိုပါဖလားပြိုင်ပွဲမှာ တခါမှ ချန်ပီယံ မဖြစ်ဘူးသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
6 years Ago

June 28, 2015

ကိုပါဖလား ဘရာဇီးက ပါရာဂွေးကို ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဇွန် ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ပါရာဂွေးက နာမည်ကြီး ဘရာဇီးကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ ပုံမှန် ပွဲချိန်အတွင်းနဲ့ ၁ ဂိုး စီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမှာ ပါရာဂွေးက ဘရာဇီးကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာပါ။ ဇွန် ၂၉  ရက်နေ့မှာ ယှဉ်ပြိုင်မယ့် အကြိုဗိုလ်လုပွဲမှာ အိမ်ရှင် ချီလီနဲ့ ပီရူး၊ ဇွန် ၃၀ ရက်နေ့ ဆီမီးဖိုင်နယ်မှာတော့ အာဂျင်တီးနားနဲ့ ပါရာဂွေးတို့ အသီးသီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago
More News
Up