ကိုပါဖလားဘောလုံးပြိုင်ပွဲ ကိုလံဘီယာက နာမည်ကြီး ဘရာဇီးကို အနိုင်ရ

June 30, 2015

အိမ်ရှင် ချီလီ ကိုပါဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၂၉  ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကားဖလား ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အိမ်ရှင် ချီလီက ပီရူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။ ပွဲအစ မိနစ် ၂၀ လောက်မှာ ပီရူးနောက်ခံလူ ဘောလုံးဖျက်တာ ကြမ်းလို့ ဆိုပြီး အငြင်းပွား ဖွယ်ရာ တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရလို့ ပီရူးအသင်းဟာ စောစောစီးစီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ချီလီအသင်းဟာ အိမ်ကွင်းပရိသတ်တွေရှေ့မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ယှဉ်ပြိုင်သွားပြီး ပီရူးက တန်ပြန်တိုက်စစ်တွေ အသုံးပြု ကစားသွားခဲ့ပါတယ်။ ချီလီအတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ ကျူပီအာအသင်း တိုက်စစ်မှူးဟောင်း ဗာဂတ်စ်က သွင်းယူပါတယ်။ ပီရူးအတွက် ချေပဂိုးကိုတော့ မိနစ် ၆၀ မှာ  ချီလီနောက်ခံလူ ဖျက်ထုတ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ချီလီအသင်းအတွက် အနိုင်ဂိုးကိုတော့ ၆၄ မိနစ်မှာ ဗာဂတ်စ်ကပဲ သွင်းယူပေးခဲ့ပါတယ်။ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ပါရာဂွေး အသင်းတို့ ဇွန်လ ၃၀ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်တဲ့အသင်းနဲ့ ချီလီအသင်း နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချီလီဟာ ကိုပါဖလားပြိုင်ပွဲမှာ တခါမှ ချန်ပီယံ မဖြစ်ဘူးသေးတဲ့ အသင်းလည်း ဖြစ်ပါတယ်။
6 years Ago

June 27, 2015

ကိုပါအမေရိကဖလား အာဂျင်တီးနား ၅-၄ ကိုလံဘီယာ (ရုပ်သံ ဟိုက်လိုက်)

ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၅ ကိုပါ အမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး တဖက်နဲ့တဖက် ဂိုးမသွင်းယူနိုင်လို့ ပင်နယ်တီကန်ရာမှာ အာဂျင်တီးနားက ၅-၄ ဂိုးနဲ့ အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
6 years Ago

ကိုပါအမေရိက ဖလား အာဂျင်တီးနား ဆီမီးဖိုင်နယ် တက်

ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၅ ကိုပါ အမေရိကဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားက ကိုလံဘီယာအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားက ပွဲကို ထိန်းချုပ်ကစားခဲ့ပေမယ့် ကိုလံဘီယာဂိုးသမား လော့စ်ကယ်ဖိတာရိုစ်ဟာ အဂွီရိုနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးတွေကို အစွမ်းပြ ကာကွယ်ခဲ့တဲ့ အတွက် အာဂျင်တီးနားတို့ ဂိုးမသွင်းနိုင်ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားတို့ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ထိ ဂိုးမရှိသရေကျနေတဲ့ အတွက် အချိန်ပိုကစားခဲ့ပါတယ်။ အချိန်ပိုမှာလည်း သရေကျတဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူရမှာတော့ အာဂျင်တီးနားက ၅ ဂိုး ၄ ဂိုးနဲ့ ကိုလံဘီယာကို အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ဇွန် ၃၀ ရက်မှာ အာဂျင်တီးနားအသင်းကတော့ ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်း အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဇွန် ၂၉ ရက် တခြား ဆီမီးဖိုင်နယ်မှာတော့ ချီလီက ပီရှုးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago
More News
Up