အာဆင်နယ်အသင်းဟာ လာမယ့်ရာသီမှာ ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် လိုက်ဇစ်နောက်ခံလူ အီဗရာဟီမာ ကိုနိတ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်ပဲရှိသေးတဲ့ ပြင်သစ် ယူ-၂၀ ဗဟိုနောက်ခံလူ ကိုနိတ်ဟာ အခုနှစ်ဘောလုံးရာသီမှာ လိုက်ဇစ်အသင်းအတွက် ၁၆ ပွဲအထိ ကစားပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ကင်းထောက်အဖွဲ့ ထောက်ခံချက်အရ အရပ် ၆ ပေ ၄ လက်မရှိပြီး အရွယ်နဲ့မလိုက်အောင် ကြံ့ခိုင်မှုကောင်းတဲ့ ကိုနိတ်ကို စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
ကိုနိတ်ကို လန်ဒန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းအသင်းတွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အပြိုင်အဆိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။
ကိုနိတ်ဟာ အသက် ၁၉ နှစ်အရွယ်မှာပဲ ပွဲပေါင်း ၂၆၇ ပွဲကစားပြီး ၃ ဂိုး သွင်းယူထားပါတယ်။
2 years Ago