ကိုဆိုဗို သူပုန်ခေါင်းဆောင်ဟောင်း

January 14, 2019

နိုင်ငံတကာတရားရုံးတွင် စစ်ဆေးခံရန် ကိုဆိုဗို သူပုန်ခေါင်းဆောင်ဟောင်း ၂ ဦး ထွက်ခွာ

ကိုဆိုဗိုနိုင်ငံက သူပုန်ခေါင်းဆောင်ဟောင်း ၂ ဦးဟာ နယ်သာလန်မြို့တော် သဟိတ်ဂ်က နိုင်ငံတကာ တရားရုံးမှာ စစ်ဆေးခံဖို့ ကိုဆိုဗိုမြို့တော် ပရစ္စတီးနားကနေ ဇန်နဝါရီ ၁၃ ရက်က ထွက်လာပါတယ်။ ဆားဘီးယားတပ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှု စွဲချက်တွေအတွက် တရားရုံးက စုံစမ်းစစ်ဆေးမှာပါ။ သူပုန်ခေါင်းဆောင်ဟောင်း ရူစတန် မူစတာဖာကတော့ သက်သေအနေနဲ့ရော သံသယရှိခံရသူ အဖြစ်ပါ စစ်ဆေးခံမယ်လို့ ပြောပါတယ်။ သူပုန်ခေါင်းဆောင်ဟောင်း ဆာမီ လုရှ်တာခူကတော့ "သူတို့က ကျနော့်ကို မဆင့်ခေါ်ရင် ကျနော် ခံရခက်မှာပဲ" လို့ ပြောပါတယ်။ ဘယ်လိုနေရာကနေ စစ်မေးခံမှာလဲလို့ သတင်းထောက်က မေးရာမှာတော့ လုရှ်တာခူက "မသိသေးဘူး၊ ဟိုရောက်မှ လေ့လာမယ်" လို့ ပြောခဲ့ပါတယ်။ သူတို့ကို ဇန်နဝါရီ ၁၆ ရက်မှာ တရားရုံးက စစ်ဆေးမေးမြန်းမှာ ဖြစ်ပါတယ်။
2 years Ago
Up