ကိုဆိုဗိုဝန်ကြီးချုပ်ဟောင်းကို

January 5, 2017

ကိုဆိုဗိုဝန်ကြီးချုပ်ဟောင်းကို စစ်ရာဇဝတ်မှုဖြင့် ပြင်သစ်တွင် ဖမ်းဆီး

ကိုဆိုဗိုဝန်ကြီးချုပ်ဟောင်း ရာမုရှ်ဟာရာဒီနက်ရှ်ကို စစ်ရာဇဝတ်မှုနဲ့စပ်လျဉ်းပြီး ဆားဗီးယား ဖမ်းဆီးဝရန်းနဲ့အတူ ပြင်သစ်ရဲတွေက ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ဆုံးမှာ လွပ်လပ်ရေးကြေညာခဲ့တဲ့ ၁၉၉၈-၁၉၉၉ ကိုဆိုဗိုပဋိပက္ခအတွင်းမှာ ရာမုရှ်ဟာရာဒီနက်ဂ်ျဟာ သူပုန်ကွန်မန်ဒါ တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ ရာမုရှ်ဟာ ကမ္ဘာ့ကုလသမဂ္ဂမမှာ စစ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး ၂ ကြိမ် တရားရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ၂  ကြိမ်စလုံး အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ကိုဆိုဗိုနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်ဟောင်း ဖမ်းဆီးခံရမှုက လက်ခံဖွယ်ရာ မရှိဘူးလို့ ပြောလိုက်ပြီး သူလွတ်မြောက်ဖို့အတွက် လုပ်ဆောင်နေတယ်လို့ ပြောလိုက်ပါတယ်။ မစ်စတာဟာရာဒီနက်ဂ်ျဟာ အခုအချိန်မှာ ကိုဆိုဗိုရဲ့ အတိုက်အခိုက်ခေါင်းဆောင်ဖြစ်ပြီး၊ ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဘဆယ်လ်မဲလ်ဟောက်စ် ဖရိဘာ့ဂ် လေဆိပ်မှာ ရဲတွေက ဖမ်းလိုက်တာပါ။ ဆာဗီးယားနိုင်ငံက ဖမ်းဝရမ်းအရ ဟာရာဒီနက်ဂ်ျကို ဖမ်းဆီးလိုက်တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ၂၀၁၅ ခုနှစ်ကလည်း ဟာရာဒီနက်ခ်ျကို ဆလိုဗီးနီးယားရဲတွေက ခဏတာ ဖမ်းဆီး လိုက်ပြီး သိပ်မကြာပြီးနောက် ပြန်လွတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၁၉၉၀ ခုနှစ် ပဋိပက္ခကာလအတွင်း ကိုဆိုဗိုလွတ်မြောက်ရေး တပ်မတော်မှာ သူက ကွန်မန်ဒါ လုပ်ခဲ့တာဖြစ်ပြီး၊ ဆာ့ဗ်လူမျိုးစုတွေကို နှိပ်စက်သတ်ဖြတ်ဖို့ သူက ဦးစီးလုပ်ဆောင်ခဲ့တာလို့ ဆားဗီးယားတွေက စွပ်စွဲခဲ့တာပါ။ ဒီစွပ်စွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲမှုကို ရက် ၁၀၀ ရင်ဆိုင်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့ရတာပါ။ နောက်ဆုံး တရားရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၂ ခုနှစ် တရားရုံးကြားနာမှုမှာ တရားသူကြီးက စွပ်စွဲမှုနဲ့ပတ်သက်ပြီး သက်သေအထောက်အထား မရှိဘူးလို့လည်း ပြောခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ဆာဗီးယားနိုင်ငံမှ လွတ်မြောက်သွားကြောင်း ကိုဆိုဗိုက ကြေညာခဲ့ပေမယ့် ဆာဗီးယားဖက်ကတော့ ဒါကို အသိအမှတ်မပြုခဲ့ပါဘူး။
5 years Ago
Up