ကိုကာစိုက်တောင်သူ

September 6, 2018

ဘိုလီးဗီးယားတွင် ကိုကာစိုက်တောင်သူ ထောင်ချီ ဆန္ဒပြ

ဘိုလီးဗီးယား အာဏာပိုင်တွေက ကိုကာစိုက်တောင်သူတွေကို အကြမ်းဖက်နေတယ်လို့ စွပ်စွဲခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ကိုကာစိုက်သူတွေနဲ့ သူတို့ကို ထောက်ခံသူတွေ ဘာပက်ဇ်မြို့က လမ်းတွေပေါ်မှာ စက်တင်ဘာ ၅ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေထဲက အများစုဟာ အင်ဒီးစ်တောင်တန်းတွေရှိရာ ယွန်းဂတ်စ်ဒေသမှာ  ကိုကာစိုက်ပျိုးတဲ့ အစုအဖွဲ့တွေနဲ့ ဆက်နွှယ်သူတွေ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကတော့ အစိုးရဟာ ကိုကာစိုက်ပျိုးမှုကို နှိမ်နင်းနေလို့ သူတို့ရဲ့ စားဝတ်နေထိုင်ရေး ခက်ခဲနေသလို အဲဒီလို နှိမ်နင်းမှုအတွင်း သူတို့အဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။ ဘိုလီးဗီးယားအစိုးရကတော့ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံသားတွေဟာ ယွန်ဂတ်စ်ဒေသက ကိုကာစိုက်ပျိုးသူတွေကို သင်တန်းပေးတာနဲ့ အကြံဉာဏ်ပေးတာတွေ လုပ်နေတယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ကိုကာစိုက်ပျိုးသူများအဖွဲ့ ခေါင်းဆောင်ဟောင်း ဖာနန်ဒို အာရာတာကတော့ ယွန်ဂတ်စ်ဒေသမှာ နိုင်ငံခြားသားနဲ့ လက်ဖြောင့်သေနတ်သမားမရှိဘဲ အစိုးရကသာ လက်ဖြောင့်သေနတ်သမားတွေကို စေလွှတ်နေတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
3 years Ago
Up