ကိုကာကိုလာပုလင်းထဲ ကြွက်သေတွေ့မှုရုပ်သံ လူမှုကွန်ရက်တွင် အမျိုးမျိုးဝေဖန် (ရုပ်သံ)

February 25, 2017

ကိုကာကိုလာပုလင်းထဲ ကြွက်သေတွေ့မှုရုပ်သံ လူမှုကွန်ရက်တွင် အမျိုးမျိုးဝေဖန် (ရုပ်သံ)

ကိုကာကိုလာအချိုရည်ပုလင်းထဲ ကြွက်သေတစ်ကောင် တွေ့ရှိကြောင်း ရုပ်သံဖိုင်တခုကို အမျိုးသားတစ်ဦးက သူ့ဖေ့စ်ဘွတ်ခ်ကနေ တင်ခဲ့ပြီးနောက် ကြည့်ရှုသူ ၅.၇ သန်းကျော်ရှိသွားပြီဖြစ်ပြီး အမျိုးမျိုး ဝေဖန်နေကြပါတယ်။ မက္ကဆီကိုနိုင်ငံက မြို့တစ်မြို့ဖြစ်တဲ့ ဆန်ပီဒရိုဂါဇာဂါစီယာမြို့မှ အီရစ်ဒစ်ဇွန်ဆိုတဲ့ အမျိုးသားတစ်ဦးက ရွှံ့ရှာစရာ ရှာဖွေတွေ့ရှိချက်ကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်မှာ တင်ခဲ့ပြီး မကြာခင်မှာ ဒီရုပ်သံက လူမှုကွန်ရက်စာမျက်နှာထက်မှာ ပျံ့နှံ့သွားပြီး ကြည့်ရှုသူ ၅.၇ သန်း ကျော်သွားတယ်လို့  မေရာရဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ အီရစ်က တစ်ခုခုထူးခြားနေတာကို သတိထားမိလို့ ကိုကာပုလင်းကို ဖွင့်တဲ့အခါမှာ ရုပ်သံရိုက်ကူးဖို့ စိတ်ကူးဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ “ပုလင်းရဲ့ထိပ်ပိုင်းမှာ တစ်ခုခု နည်းနည်းထူးခြားနေတာကို ကျနော် တွေ့တယ်။ အဲ့တော့ ကျနော် ပုလင်းထဲက အရည်တွေကို ကုန်အောင် သွန်တဲ့အချိန်မှာ ရုပ်သံမှတ်တမ်းလေး လုပ်ဖို့ စိတ်ကူးခဲ့တယ်” လို့ အီရစ်က ပြောပါတယ်။ ရုပ်သံထဲမှာ အီရစ်က ဓားအကြီး တစ်ချောင်းကို သုံးပြီး ကိုကာကိုလာလို့ အမည်ပါတဲ့ အချိုရည် ဖန်ပုလင်းရဲ့ အဖုံးကို ဖွင့်လိုက်ပါတယ်၊ ပုလင်းကို ဖွင့်တဲ့အချိန်မှာ အမြှုပ်တွေ့ထွက်လာတာကိုတော့ မတွေ့ရပါဘူး။ “ပုလင်းအပြင်ဘက်မှာ အမွှေးတွေ ရှိတယ်၊ အတွင်းထဲမှာလည်း အမွှေးတွေ ကြည့်ရတာ ရွှံစရာကောင်းလွန်းလို့ ကျနော် အားလုံးသွန်ပစ်လိုက်တော့မလို့” လို့ ပြောပါတယ်။ “ဘယ်ကပဲ ဝယ်ဝယ်ပါ၊ ဒါပေမယ့် ဒါ တကယ်ပဲ ကုဒ်ပုလင်း အသစ်တစ်လုံးပါ။ ပြီးတော့ ဒီအထဲမှာ ကြွက်ငယ်တစ်ကောင် ခင်ဗျားတို့ ကုဒ်သောက်ခဲ့ရင် မသောက်ခင် သေချာ စစ်ဆေးပါ” လို့ သူက ပြောခဲ့ပါတယ်။ ဒေသခံသတင်းဌာနတွေရဲ့ ပြောကြားချက်အရ ဒီရုပ်သံအကြီးအကျယ်ပျံ့နှံ့ပြီး သဘောမတူညီမှုတွေလည်း အများကြီးရှိနေပေမယ့် ကိုကာကိုလာကုမ္ပဏီက ဘာမှတ်ချက်မှ မပေးဘူးလို့ သိရပါတယ်။ “ငါတို့မင်းကို လုံးဝ ယုံတယ်”လို့ မှတ်ချက်ပေးသူ နက်တီဇန်က ပြောပါတယ်။ နောက်မှတ်ချက်ပေးသူ ဂျက်ကော့ဗ်က “သူပုလင်းကို ဖွင့်တော့ အထဲက အမြှုပ်လည်း မထွက်ဘူး’’ လို့ ပြောပါတယ်။ မှတ်ချက်ပေးသူ ထရီဆာအော်တီဂါက “ဘယ်လောက်တောင် ရွှံစရာကောင်းလဲ” လို့ ရေးထားပါတယ်။
4 years Ago
Up