သြစတြေးလျနိုင်ငံမှာ ကိုကင်း စံချိန်တင်သိမ်းဆည်းရမိပြီး လူ ၁၅ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။
ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၂၆၀ နီးပါးဖိုးရှိပြီး ဒီအမှုကို ရဲတပ်ဖွဲ့က ၂ နှစ်ကျော်ကြာ စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့တာပါ။
ခရစ္စမတ်နေ့က ဆစ်ဒနီမြို့မြောက်ပိုင်း ဘရွတ်ခ်လင်း (Brooklyn) မြို့ လှေတစီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကီလိုချိန် ၅၀၀ လောက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဒါမတိုင်ခင်ကလည်း ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းက ထဟီထီးကျွန်းမှာ မူးယစ်ဆေးဝါး ကီလို ၆၀၀ ဖမ်းဆီးရမိခဲ့ပြီး အဲဒါလည်း သြစတြေးလျနိုင်ငံကို မှောင်ခိုတင်ပို့ဖို့လို့ သြစတြေးလျရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။
အခုဖမ်းဆီးရမိတဲ့ ကိုကင်းပမာဏဟာ သြစတြေးလျ ရဲတပ်ဖွဲ့သမိုင်းမှာ အများဆုံးလို့လည်း လက်ထောက်ရဲကော်မရှင်နာမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီကိုကင်းတွေဟာ တောင်အမေရိကန်နိုင်ငံတွေကနေ ရောက်ရှိလာတာဖြစ်မယ်လို့လည်း ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
6 years Ago