ကိုကင်း

July 12, 2019

ကိုကင်းတင်လာသည့် ရေငုပ်သင်္ဘောကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ လိုက်ဖမ်းသည့်ရုပ်သံ ပြသ

အရှေ့ပစိဖိတ် ပင်လယ်ပြင်ထဲမှာ ဇွန်လ ၁၈ ရက်နေ့က ကိုကင်းတွေအများကြီး တင်ဆောင်လာတယ်လို့ ယူဆရတဲ့ အသေးစား ရေငုပ်သင်္ဘောတစီးကို အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က အမြန်ရေယာဉ်နဲ့ လိုက်ဖမ်းတဲ့ ရုပ်သံဖိုင်ကို ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီရေငုပ်သင်္ဘောကို အရှေ့ပစိဖိတ် ပင်လယ်ပြင်ထဲက နိုင်ငံတကာ ရေပိုင်နက်ထဲမှာ လိုက်ဖမ်းခဲ့တာပါ။ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တဦးက ရေငုပ်သင်္ဘောအပေါ် တံခါးပေါက်ကို အားနဲ့ထုပြီးနောက် အထဲကနေ အမျိုးသားတယောက် ထွက်လာပြီး လက်မြှောက် အလျှော့ပေးခဲ့တာ တွေ့ရပါတယ်။ အခုနှစ် မေလကနေ ဇူလိုင်လအတွင်း မက္ကဆီကိုကမ်းရိုးတန်း ရေပြင်တလျှောက် သံသယရှိဖွယ် မူးယစ်မှောင်ခိုဖမ်းဆီးမှု ၁၄ ခုအတွင်းမှာ အမေရိကန်ဒေါ်လာ ၅၆၉ သန်း တန်ဖိုးရှိတဲ့ ကိုကင်းတွေနဲ့ ဆေးခြောက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
3 years Ago

December 11, 2018

ပြင်သစ်တွင် ကိုကင်း ၁ ဒသမ ၇ တန် စံချိန်တင် ဖမ်းမိ

ပြင်သစ်အကောက်ခွန်ဌာနဟာ နိုင်ငံမြောက်ပိုင်း ခလောန်ဆိပ်ကမ်းကနေ ကိုကင်း ၁ ဒသမ ၇ တန်ကို စံချိန်တင် ဖမ်းမိခဲ့တယ်လို့ ရသုံးမှန်းခြေ ငွေစာရင်းဝန်ကြီးဌာနက ပြောပါတယ်။ ဘရာဇီးနိုင်ငံကနေ သင်္ဘောနဲ့တင်လာပြီး ဒီဇင်ဘာ ၁၀ ရက်က ဖမ်းမိတဲ့ ကိုကင်းဟာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၈ သန်းဖိုး ရှိပါတယ်။ ကိုကင်း တကီလိုထုပ်တွေကို သစ်သားပြားတွေကြားမှာ ဝှက်ပြီး သယ်လာခဲ့တာပါ။ မူးယစ်ကုန်ကူးမှုမှာ အုပ်စုဖွဲ့ ရာဇဝတ်အုပ်စုတစုလည်း ပါဝင်ပတ်သက်နေလို့ မြို့ခံရဲတွေက အမှုဖွင့် စစ်ဆေးနေသလို သင်္ဘောတင်ပို့မှုနဲ့ အချိတ်အဆက်တွေကိုလည်း စစ်ဆေးနေပါတယ်။
3 years Ago
More News
Up