ကုသလမဂ္ဂ

A d v e r t i s e m e n t With Us

March 11, 2020

ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်မည့် ဒဏ်ခတ်မှုနှင့်ပတ်သက်ပြီး ကုသလမဂ္ဂ စိုးရိမ်

ဗင်နီဇွဲလားနိုင်ငံအပေါ် ချမှတ်မယ့် ဒဏ်ခတ်မှုအသစ် ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက စိုးရိမ်မိတယ်လို့ပြောပါတယ်။ နိုင်ငံတွင်း ပြိုလဲလုနီးပါးဖြစ်နေတဲ့ လူသားချင်းစာနာမှု အခြေအနေကိုလည်း ထင်ရှားအောင် ထောက်ပြ ပြောဆိုပါတယ်။ အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံကဏ္ဍကို ပစ်မှတ်ထား ဒဏ်ခတ်ခဲ့တဲ့အပြင် အစိုးရပိုင် လေကြောင်းလိုင်း ကွန်ဗီယာစာကို နာမည်ပျက်စာရင်းသွင်းမယ့် အစီအစဉ်တွေကို ကြေညာခဲ့ပါတယ်။ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး စီးပွားရေး ဒဏ်ခတ်မှု အသစ် ချမှတ်မှုကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကြီးရဲ့ အကြီးအကဲ မီချဲ ဘာချေးလက်က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။ ဗင်နီဇွဲလားဟာ အလွန်အမင်း ငွေကြေးဖောင်းပွမှု၊ အခြေခံကုန်စည်တွေ ကာလကြာရှည် ပြတ်လပ်မှုနဲ့ အများသုံးဝန်ဆောင်မှုလုပ်ငန်းတွေ ပြိုလဲကျဆင်းနေမှုတွေကြောင့် ဆိုးရွားပြင်းထန်တဲ့ စီးပွားရေး အကျပ်အတည်းကို ရင်ဆိုင်နေရပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို ဦးဆောင်တဲ့ ဆန္ဒပြသူတွေက လွှတ်တော်ဆီ ချီတက်နေတုန်း မတ်လ ၁၀ ရက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားဖို့ ကြိုးစားရင်း မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးခဲ့ကြတာပါ။ အတိုက်အခံ ထောင်ပေါင်းများစွာ တက်ရောက်တဲ့ ချီတက်ပွဲကို ဟန့်တားဖို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက လမ်းတွေကို ပိတ်ဆို့ထားခဲ့ပြီး လူစုခွဲဖို့ မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ဗင်နီဇွဲလားမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိပေမယ့် အတိုက်အခံတွေကတော့ လွတ်လပ်မျှတတဲ့ အခြေအနေတွေ မရှိမှာကို စိုးရိမ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်၊ မပြိုင်ကို မဆုံးဖြတ်ရသေးပါဘူး။
12 months Ago
Up