ကုလ တိုက်တွန်း

A d v e r t i s e m e n t With Us

March 24, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး တကမ္ဘာလုံး အပစ်ရပ်ကြရန် ကုလ တိုက်တွန်း

ကမ္ဘာ့ရောဂါကပ်ဘေးလို့ ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တိုက်ဖျက်ရေး အာရုံစိုက်နိုင်စေဖို့ တကမ္ဘာလုံးမှာ အပစ်အခတ် ရပ်စဲပေးထားကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂုတားရဲ့စ်က မတ်လ ၂၃ ရက်မှာ ဆော်သြလိုက်ပါတယ်။ “ခုချိန်ဟာ လက်နက်ကိုင်ပဋိပက္ခတွေကို ပိတ်ချထားရမယ့် အချိန်ပါ။ ကျနော်တို့ အသက်အတွက် တကယ့်တိုက်ပွဲကို အတူအာရုံစိုက်ကြရအောင်” လို့ ဂုတားရဲ့စ်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ ဒုတိယကမ္ဘာစစ်၊ ၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ၁၉၁၈ စပိန်တုပ်ကွေးတို့လို နာကျင်ရတဲ့ အချိန်ကာလတွေနဲ့ တန်းတူ နှိုင်းယှဉ်နိုင်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ကလေးတွေ၊ မသန်စွမ်းတွေ၊ အပယ်ခံတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေဟာ အထိခိုက်မခံနိုင်ဆုံးတွေ ဖြစ်နေပြီး ဘေးအများဆုံး ဖြစ်နေတယ်လို့ ဂုတားရက်စ်က ပြောပါတယ်။ ဆီးရီးယား ယီမင်နဲ့ လစ်ဗျားနိုင်ငံတွေ အပါအဝင် နိုင်ငံတွေက လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး ကုလသမဂ္ဂက ဖျန်ဖြေဖို့ ကြိုးစားနေတာပါ။ သန်းနဲ့ချီတဲ့ အရပ်သားတွေကိုလည်း လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးနေပါတယ်။  စစ်ဒဏ်ခံနိုင်ငံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲနေတဲ့အပြင် ကျန်းမာရေး ပညာရှင်တွေဟာလည်း တိုက်ပွဲတွေထဲမှာ ပစ်မှတ်ထားခံနေရတယ်လို့ ဂုတားရဲ့စ်က သတိပေးခဲ့ပါတယ်။
11 months Ago
Up