ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘူးထရိုစ့် ဘူးထရိုစ့်ဂါလီ Boutros Boutros-Ghali ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုဆေးရုံမှာ ကွယ်လွန်အနိစ္စ ရောက်သွားပြီလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာပါတယ်။
ဘူးထရိုစ့်ဂါလီဟာ ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်ပြီး တင်ပဆုံရိုးကျိုးလို့ ကိုင်ရိုဆးရုံကို တင်ပို့ခဲ့ရတာပါ။
၁၉၉၂ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တာဝန်စယူခဲ့ပြီး ၅ နှစ်သက်တမ်းတခု ထမ်းဆောင်ခဲ့ပါတယ်။
သူတာဝန်ယူခဲ့တဲ့ကာလအတွင်း ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားခဲ့တာ၊ ၁၉၉၄ ရ၀မ်ဒါလူမျိုးတုံးသတ်ဖြတ်မှုတွေကို ကုလသမဂ္ဂက မဟန့်တားနိုင်ခဲ့တာ၊ ဘော့စနီးယားနိုင်ငံမှာ နေတိုးက ၀င်ရောက်ဗုံးကြဲတာကို ကန့်ကွက်ခဲ့လို့ အမေရိကန်အစိုးရနဲ့ အကျယ်အကျယ်ဖြစ်ခဲ့တာပါ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အစည်းအဝေးမှာ ဘူးထရိုးစ့် ဂါလီကွယ်လွန်ကြောင်း ကြေညာခဲ့ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံက ၁ မိနစ်ငြိမ်အလေးပြုခဲ့ပါတယ်။
ဘူးထရိုးစ့် ဂါလီဟာ အာဖရိကတိုက်ရဲ့ ပထမဆုံး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်လည်း ဖြစ်ပါတယ်။
5 years Ago