၂၁ ရာစုပင်လုံညီလာခံ ကြိုတင်ပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနဲ့အဖွဲ့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီတို့ ဒီကနေ့ ညနေပိုင်း က မြန်မာငြိမ်ချမ်းရေးစင်တာမှာ တွေ့ဆုံခဲ့ပါတယ်။
နေ့လယ်ပိုင်းကလည်း မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံပြီး သတင်းသမားများရဲ့ လွတ်လပ်စွာရေးသားဖော်ပြ ခွင့်ရှိမရှိတွေကို မေးမြန်းခဲ့ပါတယ်။
“မစ္စယန်ဟီးလီက သတင်းသမားတွေရဲ့ လွတ်လပ်စွားတသင်းရေးသားဖော်ပြခွင့်ရှိ/မရှိ သတင်း မီဒီယာဥပဒေ 7Day news နှင့် BBC သတင်းသမားတိုရဲ့ လက်ရှိရင်ဆိုင်နေရသော အခြေအနေများ သတင်းရယူရာတွ တစ်ပြေးညီ ရှိမရှိ ကိုမေးမြန်းခဲ့သဖြင့် ပြန်လည်ဖြေကြားခဲ့ သည်” လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပါတယ်။
မစ်ယန်ဟီးလီကဟာ ဒီမနက်ပိုင်းကလည်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေအတွင်း လူ့အခွင့် အရေး ချိုးဖောက်ခံရမှုတွေကို သွားရောက်လေ့လာပြီး မြန်မာနိုင်ငံရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်နေ တဲ့အချက်တွေကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် စ္စယန်ဟီးလီအနေနဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုင်းရင်းသား ဒေသတွေမှာ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ခံနေမှု တွေကိုထိထိရောက် ရောက်လုပ်ဆောင်ဘို့ လဲ တိုက်တွန်းခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောပါတယ်။
“အဓိကကတော့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီထက်ပိုပြီးတော့ ထဲထဲဝင်ဝင် လုပ်စေချင် တယ်လို့ သူက တိုက်တွန်းသွားတာမျိုး သတိထားမိတယ်။ လွတ်လွတ်လပ်လပ်လုပ်ပါဆို ပြီးတော့ပေါ့။ တကယ်တော့ အန်ကယ်တို့လည်း လုပ်နိုင်တဲ့အတိုင်းအတာအားလုံးကို ၀င်ပြီးတော့ အန်ကယ်တို့ဝင်လုပ်နေတာ ရှိပါတယ်။ ဒီပေါ်မှာ သူက အားမလိုအားမရဖြစ်တဲ့ သဘောလားတော့မသိဘူး။ အန်ကယ်တို့ဝင်တယ်ဆိုတဲ့ နေရာမှာလည်း အခုန ပြောသလို ကိုယ့်ရဲ့လုံခြုံရေးက ရှိသေးတာကိုး၊ တိုက်ပွဲတွေဖြစ်နေတဲ့နေ ရာမှာ အန်ကယ်တို့အတွက် လုံခြုံရေးက ဘယ်သူကမှ တာဝန်မယူဘူး။ ဒီလိုနေရာမျိုးမှာ အန်ကယ်တို့ မသွားနိုင်ဘူး။ ဒီလိုကွာဟတာတွေလည်းရှိပါတယ်။ ”
မစ္စယန်ဟီးလီဟာ အစိုးရသစ်လက်ထဲမှာ ဒါပထမဆုံးအကြိမ်လာရောက်တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ မှာ ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံမှာတင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအတွက် လာရောက်လေ့လာတာလည်းဖြစ်ပါတယ်။
7 years Ago