ကုလအထူးကိုယ်စားလှယ် မောင်တောတွင် ဘာသာသုံးခုက ဒေသခံများနှင့်တွေ့ဆုံ

November 18, 2019

ကုလအထူးကိုယ်စားလှယ် မောင်တောတွင် ဘာသာသုံးခုက ဒေသခံများနှင့်တွေ့ဆုံ 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရွှာနာဘာဂီနာ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့   နိုဝင်ဘာ ၁၈ ရက် မနက်က ရခိုင်ပြည်နယ် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဟိန္ဒူဘာသာဝင် အစ္စလာမ်ဘာသာဝင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအပါအဝင် ဒေသနေပြည်သူတချို့နဲ့တွေ့ဆုံပါတယ်။ ကုလသမဂ္ဂ  အထူးကိုယ်စားလှယ်နဲ့အဖွဲ့ဟာ မနေ့ကတည်းက ရန်ကုန်မြို့ကနေ  ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေကြောင်းခရီးနဲ့သွားရောက်ပြီး ဒီမနက် မောင်တောဒေသကို သွားရောက် တာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်တွေကို  နိုင်ငံတကာတရားရုံးတွေမှာ လူမျိုးသုဉ်း သတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ စွပ်စွဲ တရားစွဲနေချိန်မှာ  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။  Photo -  Kuang Mrat Naing / MPA
3 years Ago
Up