ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကွယ်လွန်ပြီးတဲ့နောက် နယူး ယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ဟာ ကုလသမဂ္ဂ အလံကို သြဂုတ်လ ၁၈ ရက်မှာ တဝက်ချ လွှင့်ထူခဲ့ပါတယ်။
နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ကိုဖီအာနန်ဟာ နာမကျန်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့က ဆေးရုံမှာ ကွယ်လွန်သွားတာလို့ ကိုဖီအာနန် ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက ပဋိပက္ခတွေအဆုံးသတ်ရေး ကြိုးပမ်းခဲ့သူ ကိုဖီအာနန်ဟာ ကွယ်လွန်ချိန်မှာ အသက်ရှစ်ဆယ်ရှိပြီလို့ သူ့ဖောင်ဒေးရှင်းက သတင်း ထုတ်ပြန်ထား ပါတယ်။
5 years Ago