ကုလသမဂ္ဂအဖွဲ့မှ ထွက်မည်ဟု ဖိလစ်ပိုင်သမ္မတ ခြိမ်းခြောက်

A d v e r t i s e m e n t With Us

August 22, 2016

ကုလသမဂ္ဂအဖွဲ့မှ ထွက်မည်ဟု ဖိလစ်ပိုင်သမ္မတ ခြိမ်းခြောက်

ဖိလစ်ပိုင်သမ္မတ ဒူတာတေက သူ့ရဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးကို ကုလသမဂ္ဂက ဝေဖန်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ကနေ ထွက်မယ်လို့ သြဂုတ် ၂၁ ရက်က ခြိမ်းခြောက်လိုက်ပါတယ်။ ကုလသမဂ္ဂဟာ အကြမ်းဖက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကမ္ဘာတ၀န်း ပဋိပက္ခတွေကို မဖြေရှင်းနိုင်ဘဲ တရုတ်နဲ့ အာဖရိကနိုင်ငံတွေကို သီးသန့်အဖွဲ့အစည်းတခုဖွဲ့ဖို့ တောင်းဆိုမယ်လို့ သမ္မတ ဒူတာတေက ပြောဆိုပါတယ်။ သမ္မတ ဒူတာတေဟာ ပြီးခဲ့တဲ့ မေလက တက်လာခဲ့ပြီး မူးယစ်မှောင်ခိုလုပ်ငန်းတွေ ပပျောက်ဖို့ မူးယစ်ရောင်းဝယ်သူတွေကို နေရာမှာတင် ပစ်သတ်ခွင့်ပြုတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုပြီး ကုလသမဂ္ဂက အကြိမ်ကြိမ် ပြစ်တင်တာပါ။ သူ မေလ ၉ ရက်နေ့က သမ္မတ ဒူတာတေ ရွေးကောက်ခံရပြီးနောက်ပိုင်း မူးယစ်မှောင်ခိုမှုနဲ့ သံသယရှိသူ အယောက် ၉၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။ သမ္မတ ဒူတာတေက အခုလိုလုပ်ဆောင်တဲ့ ကိစ္စဟာ ရမ်းကားသတ်ဖြတ်မှုကို အားပေးမှုဖြစ်တယ်၊ နိုင်ငံတကာဥပဒေမှာ ရာဇ၀တ်မှု မြောက်တယ်လို့ ပြီးခဲ့တဲ့တပတ်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူ ၂ ဦးက ပြောဆိုခဲ့တာပါ။ သမ္မတ ဒူတာတေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ဒါဗိုမြို့မှာ မြို့ဝန်အဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့ဖူးပြီး “ရာဇ၀တ်သားတွေကို ဆုံးမသူ” ဆိုပြီး နာမည်ကြီးခဲ့တာပါ။
5 years Ago
Up