ကုလလုံခြုံရေးကောင်စီ

June 30, 2019

အီရတ်ခေါင်းဆောင်များနှင့် ကုလလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ UNSC က ကိုယ်စားလှယ် တဖွဲ့ဟာ အီရတ်မြို့တော် ဘဂ္ဂဒက်မှာ အီရတ် ခေါင်းဆောင်တွေနဲ့ ဇွန်၂၉ ရက်က တွေ့ဆုံပါတယ်။ အီရတ် အစိုးရကတော့ သမိုင်းဝင်တွေ့ဆုံမှုလို့ ရည်ညွန်းပြောဆိုပါတယ်။ UNSC ကိုယ်စားလှယ်အဖွဲ့ဟာ အီရတ်သမ္မတ ဘာဟမ်ဆာလီ၊ ဝန်ကြီးချုပ် အဘ်ဒယ်အဗ်ဒူမာဒီနဲ့ တခြား အီရတ် အရာရှိတွေနဲ့ တွေ့ဆုံပါတယ်။ ဒီအလည်အပတ်ခရီးဟာ တကမ္ဘာလုံးက နိုင်ငံတွေနဲ့ ချိတ်ဆက်မှု တိုးမြှင့်နေတဲ့ အီရတ်အစိုးရရဲ့ အားထုတ်မှု အစိတ်အပိုင်းလို့ အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်က ဆိုပါတယ်။
2 years Ago

June 15, 2018

ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်များ နိုင်ငံအသင်းအင်္ကျီဝတ်ကာ ကမ္ဘာ့ဖလားပွဲကို ဂုဏ်ပြု

ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဟာ ဇွန်လ ၁၄ ရက်နေ့က ကောင်စီခန်းမထဲမှာ သူတို့နိုင်ငံအသင်းတွေရဲ့ အင်္ကျီကို ဝတ်ဆင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်လည်းဖြစ်သလို ဇွန်လအတွက် လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ သံအမတ် ဘာစီလီနီဘန်စီယာက ဒီလိုဝတ်ဆင်တဲ့ အစီအစဉ်ကို ဦးဆောင်ခဲ့တာပါ။ ကောင်စီအဖွဲ့ဝင်တွေ အခုလို နိုင်ငံ့အသင်းဝတ်စုံတွေ ဝတ်ကြတဲ့ တနေ့တည်းမှာပဲ ရုရှားနိုင်ငံ၊ မြို့တော်မော်စကိုမှာလည်း ၂၀၁၈ ကမ္ဘာ့ဖလားဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။
3 years Ago
Up