ကုလမစ်ရှင်

August 6, 2019

တပ်မတော်နှင့် ကုမ္ပဏီများကို အရေးယူ ပိတ်ဆို့ရန် ကုလမစ်ရှင် တိုက်တွန်းသည့်အပေါ် အမြင်သဘောထား

လက်နက် မရောင်းချဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ စီးပွားရေး အဆက်အသွယ် အားလုံးကို အရေးယူပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင်အဖွဲ့က သြဂုတ် ၅ ရက်နေ့က နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ဟာ စီးပွားရေးကဏ္ဍ အမျိုးပေါင်းစုံ၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်ထုတ်ယူရေးကအစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ကဏ္ဍတို့မှ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ နဲ့ အနီးကပ် ဆက်စပ်မှုရှိသော နောက်ထပ် စီးပွားရေးလုပ်ငန်းပေါင်း ၂၇ ခုတို့ကို ပိုင်ဆိုင်ထားတာကြောင့် တပ်မတော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပိုမိုခိုင်မြဲစေပြီး တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆင်ရေးများအတွက် ငွေရေးကြေးရေး ထောက်ပံ့ပေးနေတယ်လို့ မစ်ရှင်က ဆိုပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုး ကာရံမှုကို ငွေကြေးထောက်ပံ့ကူညီခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်စေတယ်ဆိုပြီး ကမ္ဘောဇကုမ္ပဏီအုပ်စုနဲ့ Max Myanmar ကုမ္ပဏီတို့ကိုလည်း ရာဇဝတ်ကြောင်းအရ စစ်ဆေး အရေးယူဖို့ တိုက်တွန်းထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံရေးပါတီအချို့ရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ ဦးစစ်မြိုင် (မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး) “ဒီကိစ္စကတော့လေ ကျယ်တာပေါ့ဗျာ။ လူ့အခွင့်အရေးတွေမကဘဲနဲ့ တခြားဆက်စပ်နေတဲ့ အကြောင်းအရာတွေလည်း ပါနေတယ်လို့ ကျနော့်အနေနဲ့ မြင်တာပေါ့နော်။ ကော်မရှင်အနေနဲ့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကော်မရှင်အနနဲ့ ဒါကို သီးခြားဆွေးနွေးပြီးတော့  ဟိုဟာလုပ်ထားတာမရှိဘူး။ ဆိုလိုချင်တာကတော့ သတ်သတ်ကလေး သတ်မှတ်နိုင်ပြီး လူ့အခွင့်အရေးရဲ့ သဘောတရား ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ကျင့်သုံးရင်တော့ လူ့အခွင့်အရေးက အကောင်းဆုံးပဲ။ သို့သော် လူ့အခွင့်အရေးကျင့်သုံးမှုတိုင်းမှာ နောက်ကွယ်က တခြားအကြောင်းအရာတွေက အမြဲတမ်း ပါတယ်ဆိုတဲ့သဘောမျိုး  ကျနော်တို့ အတွေ့အကြုံအရ သိရတာပေါ့ဗျာ။ အဲတော့ ပိတ်ဆို့ခြင်းနဲ့ပတ်သက်လို့ကတော့ ကျနော်တို့က ဘာမှမပြောလိုပါဘူး။ ဒါတွေက ကျနော်တို့လည်း လက်လှမ်းမမီဘူးလေ။ နိုင်ငံတော်အဆင့်က တုံ့ပြန်တာလည်း ရှိတဲ့အခါကျတော့ ဒီအပေါ်မှာတော့ အခုန ကျနော်ဆွေးနွေးတဲ့အတိုင်းပဲ လူ့အခွင့်အရေးကို လူ့အခွင့်အရေးသက်သက်ပဲ ကျင့်သုံးသင့်တယ်။ တခြားအကြောင်းအရာတွေနဲ့ရောထွေးပြီးတော့ ကျင့်သုံးမယ်ဆိုရင်တော့ လူ့အခွင့်အရေး ရင့်သွားစေတယ်လို့ ကျနော် ပြောလိုပါတယ်ဗျာ။” ဒေါက်တာမျိုးညွန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ပါတီပြောခွင့်ရသူ) “ဒီထုတ်ပြန်ချက်က ကျနော်တို့ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို သက်သေအထောက်အထား လုံလုံလောက်လောက် မေးမြန်းပြီးတော့မှ ထုတ်ပြန်ထားတာ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီဟာသည် ပြည့်စုံမှုမရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်က ဒါအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ သဘောထားပဲ ဖြစ်ပါတယ်။ ကျနော်တို့က ဒီလို အရေးယူ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံအတွက်က ကောင်းဖို့ထက် ပိုပြီးတော့ ဆိုးဖို့ပဲ ရှိတယ်လို့ ကျနော်တို့က မြင်ပါတယ်။” ဦးခင်မောင်ဆွေ (အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌ) “ခြံစည်းရိုးကာတဲ့ကိစ္စမှာ ပံ့ပိုးကူညီတယ်ဆိုတဲ့ဟာနဲ့ တွေ့ရတယ်လေ။ အဲတော့ ဆိုလိုတာက တပ်မတော်ကို ပံ့ပိုးကူညီလို့ ဘင်္ဂါလီတွေကို ခြံနယ်စပ်ပြီးတော့ ကာထားဖို့ လုပ်တယ်ဆိုတဲ့ဟာနဲ့ ဒဏ်ခတ် အရေးယူမယ်ဆိုလို့ရှိရင်တော့ ဒါသီးခြားစဉ်းစားဖို့ ကောင်းတယ်လေ။ ကုမ္ပဏီရဲ့ စည်းပွားရေးလုပ်နေတဲ့ဟာကို ပျက်စီးအောင်လုပ်မယ်ဆိုရင် ဒီမြန်မာနိုင်ငံပြည်သူတွေပဲ ခံစားရမှာပဲလေ။ အဲတော့ ခြံစည်းရိုးခတ်တာက သင့်တော်တယ်၊ မသင့်တော်ဘူးလို့ပဲ ပြောဖို့သင့်တယ်။ တပ်မတော်က တာဝန်ယူပြီးတော့ ကာနေတယ် ဆိုတာကို အန်ကယ် သိထားတာကိုး။ တပ်မတော်က ခြံစည်းရိုးကာတဲ့ကိစ္စလည်း ကိုယ့်နိုင်ငံ ကိုယ့်ပြည်တွင်းကို ကာတဲ့ကိစ္စပဲ၊ အဲဒါကို ဘင်္ဂါလီတွေ ပြန်လာမှာစိုးလို့ ကာတယ်ဆိုတဲ့ အထင်အမြင်ကတော့ မပြည့်စုံဘူးလို့ ထင်ပါတယ်။ အရေးကြီးတာက မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ပြန်မခေါ်တော့ဘူးဆိုပြီးမှ ခြံစည်းရိုးခတ်လိုက်ရင်တော့ ဒါကတော့ ပြောနိုင်ပါတယ်။ သင့်တင့်မျှတတဲ့ ပြောဆိုမှု ဖြစ်တာပေါ့ဗျာ။ အခုကတော့ ကိုယ့်နယ်မြေ နယ်နိမိတ်ထဲကို ခြံစည်းရိုးခတ်တာတောင်မှ မခတ်ရဘူးလောက်အောင် နိုင်ငံတကာက ဝင်စွက်ဖက်တာကတော့ အန်ကယ်တို့ ပါတီက မခံနိုင်ဘူး။ နောက်ပြီးတော့ အန်ကယ်ဆိုက ဆန့်ကျင်ကန့်ကွက် ရှုချရမှာပဲဖြစ်ပါတယ်။ တပ်မတော်ကို မုန်းလို့ရှိရင် တပ်မတာ်ကို လုပ်လေ။ ပြည်သူနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကို မလုပ်ပါနဲ့။ တပ်မတော်က ဘင်္ဂါလီတွေကို ဖိနှိပ်တယ်လို့ ယူဆလို့ရှိရင် တပ်မတော်ဘက်ကိုပဲ ပြောစရာရှိတာကို ပြောပါ။ ခြံစည်းရိုးခတ်တာကိုပဲ လာပြီးတော့ မထိခိုက်ပါနဲ့။ ခြံစည်းရိုးခတ်ခွင့် မြန်မာနိုင်ငံ ပြည်သူမှာ ရှိတယ်။ အစိုးရမှာ ရှိတယ်။ တပ်မတော်မှာ ရှိတယ်။ သူတို့နိုင်ငံတွေမှာရော ခြံစည်းရိုးခတ်ဖို့ ရှိပါရဲ့နဲ့ မခတ်ဘဲ နေမလားလို့ အန်ကယ်က ပြန်ပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်လို့။”  ဒေါ်အေးနုစိန် (ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ) “အဲဒါကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ဖြတ်သန်းမှု အနေအထားမှာတော့လေ နိုင်ငံခြားက အကြောင်းအမျိုးမျိုးနဲ့ပိတ်ဆို့မှုတွေလုပ်တာတော့ သိပ်မဆန်းကျယ်တဲ့အ နေအထားလည်း တွေ့ကြုံနေကြရပြီလို့ ကျမက ရှုမြင်တယ်။ ဘာလို့ဆိုတော့ စီးပွားရေးပိတ်ဆို့တာ ဒို့မမှုပါလို့ ခေတ်အရှည်ကြီးကို ဖြတ်သန်းလာခဲ့ကြတဲ့ပြည်သူတွေကိုး။  အခုကျတော့လည်း ပြင်ပဖိအားတွေပေးတဲ့အနေနဲ့ အစိုးရကိုကော အထူးသဖြင့် တပ်မတော်ကိုပေါ့လေ။ အခုသေးစိတ် ပုဂ္ဂိဒလ်ရေး နာမည်ခြင်း တဦးအလိုက် ပိတ်ပင်တာမျိုးတွေ လုပ်တယ်ဆိုတော့ တစုံတရာကို အကြပ်ကိုင်တဲ့သဘောမျိုးနဲ့ နိုင်ငံရေးကို ကစားကွက်လိုတော့ သုံးကြတာပေါ့လေ။ ဒါပေမဲ့ အဲဒါဟာ ဘယ်လောက်အထိ အနေအထားကို တွန်းပို့နိုင်မလဲပေါ့။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အနေအထားမှာလည်း သူ့ဘက်၊ ကိုယ့်ဘက် ကြားနေတယ်ဆိုတာတို့ အားကိုးရှိတယ် ဆိုတာတို့ အခု ဒီလိုအခင်းမှာလည်း အဲလိုပါပဲ။ ဒီလိုဆက်ဆံရေးတွေရှိကြတယ်ဆိုတော့ ကျမတို့အနေနဲ့ကတော့ အစိုးရတရပ်ကို ကောင်းမွန်တဲ့အစိုးရ ဖြစ်စေချင်တဲ့အတွက် ကမ္ဘာက ဖိအားပေးတယ်။ အရေးယူ ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ဆောင်ချက်မျိုးကိုတော့ ကျမတို့ ကြိုဆိုတယ်။ ဒါပေမဲ့ တခုခုကို လိုချင်တဲ့အတွက် အကြပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ မရိုးမသားလုပ်တဲ့ အစီအစဉ်မျိုးကိုတော့ ကျမတို့က မကြိုက်ဘူး။” ဦးမျိုးမြင့် (မြန်မာနိုင်ငံဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်  အထွေထွေအတွင်းရေးမှူးချုပ်) “စီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ မဟုတ်ပါဘူး။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံသား တ‌ယောက်အနေနဲ့ဆိုရင် ကိုယ့်နိုင်ငံရဲ့ နယ်နိမိတ် ခြံစည်းရိုး လုံခြုံမှုအရပဲ ဖြစ်ဖြစ်၊ ပြည်ပနိုင်ငံက ဝင်ရောက်နိုင်တဲ့ အန္တရာယ်ပဲ ဖြစ်ဖြစ် ခတ်တာကတော့ စီးပွားရေးလုပ်ငန်းရှင်ကပဲ လှူလှူ၊ ဘယ်နိုင်ငံသား တဦးတယောက်ကမှ ကိုယ်တတ်နိုင်တဲ့ငွေ တကျပ်ပဲ လှူလှူ၊ တဆယ်ပဲ လှူလှူ၊ တထောင်ပဲ လှူလှူ။ ကိုယ့်နိုင်ငံ ခြံစည်းရိုးခတ်တာကို အဲဒီလို လုပ်တာကတော့ ကျနော်တို့က လုံးဝ သဘောမကျဘူးလို့ ထပ်ပြောချင်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တာကို ဝင်ရောက်စွက်ဖက်တဲ့ အဆင့်လောက်အထိ ရောက်လာတယ်လို့ ယူဆတယ်။ ကုလသမဂ္ဂက အမေရိကန်လိုနိုင်ငံ မက္ကစီကိုမှာ ခြံစည်းရိုးခတ်တာနဲ့ ပတ်သက်ပြီးတော့ အရေးယူပါလား။ အဲလိုပဲ ကျန်တဲ့ အစ္စရေးတို့ အရေးယူပါလား။ ကျန်တဲ့နိုင်ငံတွေလည်း ရှိတာပဲ။ အဲဒီလိုမျိုး လုပ်တာကတော့ ကိုယ့်နိုင်ငံကို အနိုင်ကျင့်တယ်လို့ ခံစားရတယ်။” ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တပ္မေတာ္ႏွင့္ ကုမၸဏီမ်ားကို အေရးယူ ပိတ္ဆို႔ရန္ ကုလမစ္ရွင္ တိုက္တြန္းသည့္အေပၚ အျမင္သေဘာထား လက္နက္ မေရာင္းခ်ဖို႔ အပါအဝင္ တပ္မေတာ္နဲ႔ ဆက္ႏႊယ္ပတ္သက္တဲ့ စီးပြားေရး အဆက္အသြယ္ အားလုံးကို အေရးယူေပးဖို႔ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္အဖြဲ႕က ၾသဂုတ္ ၅ ရက္ေန႔က ႏိုင္ငံတကာကို တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းေတြ ျဖစ္တဲ့ ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔ဟာ စီးပြားေရးက႑ အမ်ိဳးေပါင္းစုံ၊ ေဆာက္လုပ္ေရးနဲ႔ ေက်ာက္မ်က္ထုတ္ယူေရးကအစ ကုန္ထုတ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ဘဏ္လုပ္ငန္း စတဲ့က႑တို႔မွ စီးပြားေရးလုပ္ငန္းေပါင္း ၁၂၀ နဲ႔ အနီးကပ္ ဆက္စပ္မႈရွိေသာ ေနာက္ထပ္ စီးပြားေရးလုပ္ငန္းေပါင္း ၂၇ ခုတို႔ကို ပိုင္ဆိုင္ထားတာေၾကာင့္ တပ္မေတာ္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာကို ပိုမိုခိုင္ၿမဲေစၿပီး တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စစ္ဆင္ေရးမ်ားအတြက္ ေငြေရးေၾကးေရး ေထာက္ပံ့ေပးေနတယ္လို႔ မစ္ရွင္က ဆိုပါတယ္။ ဒါ့အျပင္ ဘဂၤလားေဒ့ရွ္-ျမန္မာ နယ္စပ္ၿခံစည္း႐ိုး ကာရံမႈကို ေငြေၾကးေထာက္ပံ့ကူညီခဲ့တာေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပးသြားၾကသူေတြ ေနရပ္ျပန္ဖို႔ အခက္အခဲ ျဖစ္ေစတယ္ဆိုၿပီး ကေမာၻဇကုမၸဏီအုပ္စုနဲ႔ Max Myanmar ကုမၸဏီတို႔ကိုလည္း ရာဇဝတ္ေၾကာင္းအရ စစ္ေဆး အေရးယူဖို႔ တိုက္တြန္းထားပါတယ္။ ဒီထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီအခ်ိဳ႕ရဲ႕ အျမင္သေဘာထားေတြကို စုစည္းတင္ဆက္ေပးထားပါတယ္။ ဦးစစ္ၿမိဳင္ (ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အတြင္းေရးမႉး) “ဒီကိစၥကေတာ့ေလ က်ယ္တာေပါ့ဗ်ာ။ လူ႔အခြင့္အေရးေတြမကဘဲနဲ႔ တျခားဆက္စပ္ေနတဲ့ အေၾကာင္းအရာေတြလည္း ပါေနတယ္လို႔ က်ေနာ့္အေနနဲ႔ ျမင္တာေပါ့ေနာ္။ ေကာ္မရွင္အေနနဲ႔ေတာ့ ေျပာလို႔မရဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ေကာ္မရွင္အနနဲ႔ ဒါကို သီးျခားေဆြးေႏြးၿပီးေတာ့  ဟိုဟာလုပ္ထားတာမရွိဘူး။ ဆိုလိုခ်င္တာကေတာ့ သတ္သတ္ကေလး သတ္မွတ္ႏိုင္ၿပီး လူ႔အခြင့္အေရးရဲ႕ သေဘာတရား ခြဲျခားမႈမရွိဘဲ တန္းတူညီမွ် က်င့္သုံးရင္ေတာ့ လူ႔အခြင့္အေရးက အေကာင္းဆုံးပဲ။ သို႔ေသာ္ လူ႔အခြင့္အေရးက်င့္သုံးမႈတိုင္းမွာ ေနာက္ကြယ္က တျခားအေၾကာင္းအရာေတြက အၿမဲတမ္း ပါတယ္ဆိုတဲ့သေဘာမ်ိဳး  က်ေနာ္တို႔ အေတြ႕အႀကဳံအရ သိရတာေပါ့ဗ်ာ။ အဲေတာ့ ပိတ္ဆို႔ျခင္းနဲ႔ပတ္သက္လို႔ကေတာ့ က်ေနာ္တို႔က ဘာမွမေျပာလိုပါဘူး။ ဒါေတြက က်ေနာ္တို႔လည္း လက္လွမ္းမမီဘူးေလ။ ႏိုင္ငံေတာ္အဆင့္က တုံ႔ျပန္တာလည္း ရွိတဲ့အခါက်ေတာ့ ဒီအေပၚမွာေတာ့ အခုန က်ေနာ္ေဆြးေႏြးတဲ့အတိုင္းပဲ လူ႔အခြင့္အေရးကို လူ႔အခြင့္အေရးသက္သက္ပဲ က်င့္သုံးသင့္တယ္။ တျခားအေၾကာင္းအရာေတြနဲ႔ေရာေထြးၿပီးေတာ့ က်င့္သုံးမယ္ဆိုရင္ေတာ့ လူ႔အခြင့္အေရး ရင့္သြားေစတယ္လို႔ က်ေနာ္ ေျပာလိုပါတယ္ဗ်ာ။” ေဒါက္တာမ်ိဳးၫြန႔္ (အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္  ပါတီေျပာခြင့္ရသူ) “ဒီထုတ္ျပန္ခ်က္က က်ေနာ္တို႔ ျမန္မာႏိုင္ငံတြင္းက အေျခအေနေတြကို သက္ေသအေထာက္အထား လုံလုံေလာက္ေလာက္ ေမးျမန္းၿပီးေတာ့မွ ထုတ္ျပန္ထားတာ မဟုတ္ဘူး။ ဒါ့ေၾကာင့္ ဒီဟာသည္ ျပည့္စုံမႈမရွိဘူးလို႔ က်ေနာ္တို႔ ျမင္ပါတယ္။ သူတို႔ရဲ႕ထုတ္ျပန္ခ်က္က ဒါအခ်က္အလက္ရွာေဖြေရးမစ္ရွင္ရဲ႕ သေဘာထားပဲ ျဖစ္ပါတယ္။ က်ေနာ္တို႔က ဒီလို အေရးယူ ေဆာင္႐ြက္ျခင္းအားျဖင့္ ႏိုင္ငံအတြက္က ေကာင္းဖို႔ထက္ ပိုၿပီးေတာ့ ဆိုးဖို႔ပဲ ရွိတယ္လို႔ က်ေနာ္တို႔က ျမင္ပါတယ္။” ဦးခင္ေမာင္ေဆြ (အန္ဒီအက္ဖ္ပါတီ ဥကၠ႒) “ၿခံစည္း႐ိုးကာတဲ့ကိစၥမွာ ပံ့ပိုးကူညီတယ္ဆိုတဲ့ဟာနဲ႔ ေတြ႕ရတယ္ေလ။ အဲေတာ့ ဆိုလိုတာက တပ္မေတာ္ကို ပံ့ပိုးကူညီလို႔ ဘဂၤါလီေတြကို ၿခံနယ္စပ္ၿပီးေတာ့ ကာထားဖို႔ လုပ္တယ္ဆိုတဲ့ဟာနဲ႔ ဒဏ္ခတ္ အေရးယူမယ္ဆိုလို႔ရွိရင္ေတာ့ ဒါသီးျခားစဥ္းစားဖို႔ ေကာင္းတယ္ေလ။ ကုမၸဏီရဲ႕ စည္းပြားေရးလုပ္ေနတဲ့ဟာကို ပ်က္စီးေအာင္လုပ္မယ္ဆိုရင္ ဒီျမန္မာႏိုင္ငံျပည္သူေတြပဲ ခံစားရမွာပဲေလ။ အဲေတာ့ ၿခံစည္း႐ိုးခတ္တာက သင့္ေတာ္တယ္၊ မသင့္ေတာ္ဘူးလို႔ပဲ ေျပာဖို႔သင့္တယ္။ တပ္မေတာ္က တာဝန္ယူၿပီးေတာ့ ကာေနတယ္ ဆိုတာကို အန္ကယ္ သိထားတာကိုး။ တပ္မေတာ္က ၿခံစည္း႐ိုးကာတဲ့ကိစၥလည္း ကိုယ့္ႏိုင္ငံ ကိုယ့္ျပည္တြင္းကို ကာတဲ့ကိစၥပဲ၊ အဲဒါကို ဘဂၤါလီေတြ ျပန္လာမွာစိုးလို႔ ကာတယ္ဆိုတဲ့ အထင္အျမင္ကေတာ့ မျပည့္စုံဘူးလို႔ ထင္ပါတယ္။ အေရးႀကီးတာက ျမန္မာႏိုင္ငံက ဘဂၤါလီေတြကို ျပန္မေခၚေတာ့ဘူးဆိုၿပီးမွ ၿခံစည္း႐ိုးခတ္လိုက္ရင္ေတာ့ ဒါကေတာ့ ေျပာႏိုင္ပါတယ္။ သင့္တင့္မွ်တတဲ့ ေျပာဆိုမႈ ျဖစ္တာေပါ့ဗ်ာ။ အခုကေတာ့ ကိုယ့္နယ္ေျမ နယ္နိမိတ္ထဲကို ၿခံစည္း႐ိုးခတ္တာေတာင္မွ မခတ္ရဘူးေလာက္ေအာင္ ႏိုင္ငံတကာက ဝင္စြက္ဖက္တာကေတာ့ အန္ကယ္တို႔ ပါတီက မခံႏိုင္ဘူး။ ေနာက္ၿပီးေတာ့ အန္ကယ္ဆိုက ဆန႔္က်င္ကန႔္ကြက္ ရႈခ်ရမွာပဲျဖစ္ပါတယ္။ တပ္မေတာ္ကို မုန္းလို႔ရွိရင္ တပ္မတာ္ကို လုပ္ေလ။ ျပည္သူနဲ႔ပတ္သက္တဲ့ ကုမၸဏီေတြကို မလုပ္ပါနဲ႔။ တပ္မေတာ္က ဘဂၤါလီေတြကို ဖိႏွိပ္တယ္လို႔ ယူဆလို႔ရွိရင္ တပ္မေတာ္ဘက္ကိုပဲ ေျပာစရာရွိတာကို ေျပာပါ။ ၿခံစည္း႐ိုးခတ္တာကိုပဲ လာၿပီးေတာ့ မထိခိုက္ပါနဲ႔။ ၿခံစည္း႐ိုးခတ္ခြင့္ ျမန္မာႏိုင္ငံ ျပည္သူမွာ ရွိတယ္။ အစိုးရမွာ ရွိတယ္။ တပ္မေတာ္မွာ ရွိတယ္။ သူတို႔ႏိုင္ငံေတြမွာေရာ ၿခံစည္း႐ိုးခတ္ဖို႔ ရွိပါရဲ႕နဲ႔ မခတ္ဘဲ ေနမလားလို႔ အန္ကယ္က ျပန္ၿပီးေတာ့ ေမးခြန္းထုတ္ခ်င္ပါတယ္လို႔။” ေဒၚေအးႏုစိန္ (ရခိုင္အမ်ိဳးသားပါတီ ဒုဥကၠ႒) “အဲဒါကေတာ့ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးစနစ္ ျဖတ္သန္းမႈ အေနအထားမွာေတာ့ေလ ႏိုင္ငံျခားက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ပိတ္ဆို႔မႈေတြလုပ္တာေတာ့ သိပ္မဆန္းက်ယ္တဲ့အ ေနအထားလည္း ေတြ႕ႀကဳံေနၾကရၿပီလို႔ က်မက ရႈျမင္တယ္။ ဘာလို႔ဆိုေတာ့ စီးပြားေရးပိတ္ဆို႔တာ ဒို႔မမႈပါလို႔ ေခတ္အရွည္ႀကီးကို ျဖတ္သန္းလာခဲ့ၾကတဲ့ျပည္သူေတြကိုး။  အခုက်ေတာ့လည္း ျပင္ပဖိအားေတြေပးတဲ့အေနနဲ႔ အစိုးရကိုေကာ အထူးသျဖင့္ တပ္မေတာ္ကိုေပါ့ေလ။ အခုေသးစိတ္ ပုဂၢိဒလ္ေရး နာမည္ျခင္း တဦးအလိုက္ ပိတ္ပင္တာမ်ိဳးေတြ လုပ္တယ္ဆိုေတာ့ တစုံတရာကို အၾကပ္ကိုင္တဲ့သေဘာမ်ိဳးနဲ႔ ႏိုင္ငံေရးကို ကစားကြက္လိုေတာ့ သုံးၾကတာေပါ့ေလ။ ဒါေပမဲ့ အဲဒါဟာ ဘယ္ေလာက္အထိ အေနအထားကို တြန္းပို႔ႏိုင္မလဲေပါ့။ ဘာလို႔လဲဆိုေတာ့ ကမာၻ႔အေနအထားမွာလည္း သူ႔ဘက္၊ ကိုယ့္ဘက္ ၾကားေနတယ္ဆိုတာတို႔ အားကိုးရွိတယ္ ဆိုတာတို႔ အခု ဒီလိုအခင္းမွာလည္း အဲလိုပါပဲ။ ဒီလိုဆက္ဆံေရးေတြရွိၾကတယ္ဆိုေတာ့ က်မတို႔အေနနဲ႔ကေတာ့ အစိုးရတရပ္ကို ေကာင္းမြန္တဲ့အစိုးရ ျဖစ္ေစခ်င္တဲ့အတြက္ ကမာၻက ဖိအားေပးတယ္။ အေရးယူ ေဆာင္႐ြက္မယ္ဆိုတဲ့ လုပ္ေဆာင္ခ်က္မ်ိဳးကိုေတာ့ က်မတို႔ ႀကိဳဆိုတယ္။ ဒါေပမဲ့ တခုခုကို လိုခ်င္တဲ့အတြက္ အၾကပ္ကိုင္တဲ့ ပုံစံမ်ိဳးနဲ႔ မ႐ိုးမသားလုပ္တဲ့ အစီအစဥ္မ်ိဳးကိုေတာ့ က်မတို႔က မႀကိဳက္ဘူး။” ဦးမ်ိဳးျမင့္ (ျမန္မာႏိုင္ငံဆိုင္ရာ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္  အေထြေထြအတြင္းေရးမႉးခ်ဳပ္) “စီးပြားေရးလုပ္ငန္းရွင္တေယာက္အေနနဲ႔ မဟုတ္ပါဘူး။ ေျပာရမယ္ဆိုရင္ ျမန္မာႏိုင္ငံသား တ‌ေယာက္အေနနဲ႔ဆိုရင္ ကိုယ့္ႏိုင္ငံရဲ႕ နယ္နိမိတ္ ၿခံစည္း႐ိုး လုံၿခဳံမႈအရပဲ ျဖစ္ျဖစ္၊ ျပည္ပႏိုင္ငံက ဝင္ေရာက္ႏိုင္တဲ့ အႏၲရာယ္ပဲ ျဖစ္ျဖစ္ ခတ္တာကေတာ့ စီးပြားေရးလုပ္ငန္းရွင္ကပဲ လႉလႉ၊ ဘယ္ႏိုင္ငံသား တဦးတေယာက္ကမွ ကိုယ္တတ္ႏိုင္တဲ့ေငြ တက်ပ္ပဲ လႉလႉ၊ တဆယ္ပဲ လႉလႉ၊ တေထာင္ပဲ လႉလႉ။ ကိုယ့္ႏိုင္ငံ ၿခံစည္း႐ိုးခတ္တာကို အဲဒီလို လုပ္တာကေတာ့ က်ေနာ္တို႔က လုံးဝ သေဘာမက်ဘူးလို႔ ထပ္ေျပာခ်င္ပါတယ္။ ကိုယ့္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာနဲ႔ ပတ္သက္တာကို ဝင္ေရာက္စြက္ဖက္တဲ့ အဆင့္ေလာက္အထိ ေရာက္လာတယ္လို႔ ယူဆတယ္။ ကုလသမဂၢက အေမရိကန္လိုႏိုင္ငံ မကၠစီကိုမွာ ၿခံစည္း႐ိုးခတ္တာနဲ႔ ပတ္သက္ၿပီးေတာ့ အေရးယူပါလား။ အဲလိုပဲ က်န္တဲ့ အစၥေရးတို႔ အေရးယူပါလား။ က်န္တဲ့ႏိုင္ငံေတြလည္း ရွိတာပဲ။ အဲဒီလိုမ်ိဳး လုပ္တာကေတာ့ ကိုယ့္ႏိုင္ငံကို အႏိုင္က်င့္တယ္လို႔ ခံစားရတယ္။”
2 years Ago

တပ်မတော်အပါအဝင် ကုမ္ပဏီအချို့ကို အရေးယူရန်နှင့် လက်နက်မရောင်းရန် ကုလမစ်ရှင် တိုက်တွန်း

လက်နက်မရောင်းချဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွှယ်ပတ်သက်တဲ့ စီးပွားရေး အဆက်အသွယ်အားလုံးကို အရေးယူပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ အမည်နဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး မစ်ရှင်အဖွဲ့က ဩဂုတ် ၅ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်တာပါ။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ဟာ စီးပွားရေးကဏ္ဍ အမျိုးပေါင်းစုံ၊ ဆောက်လုပ်ရေးနဲ့ ကျောက်မျက်ထုတ်ယူရေးကအစ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ကဏ္ဍတို့မှ စီးပွားရေးလုပ်ငန်းပေါင်း ၁၂၀ နဲ့ အနီးကပ် ဆက်စပ်မှုရှိသော နောက်ထပ်စီးပွားရေးလုပ်ငန်းပေါင်း ၂၇ ခုတို့ကို ပိုင်ဆိုင်ထားတာကြောင့် တပ်မတော်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ပိုမိုခိုင်မြဲစေပြီး တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု စစ်ဆင်ရေးများအတွက် ငွေရေးကြေးရေး ထောက်ပံ့ပေးနေတယ်လို့ မစ်ရှင်က ဆိုပါတယ်။ ဒါ့အပြင် သတ္တုတွင်း၊ မှော်တွင်းဒေသတွေအတွက် အထူးသဖြင့် ကချင်ပြည်နယ်မှာ ချွေးတပ်ဆွဲတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတို့ကို တပ်မတော်က စီးပွားရေး လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တယ်လို့လည်း‌ ဖော်ပြထားပါတယ်။ ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာလည်း MEHL၊ MEC တို့ရဲ့ လက်ခွဲလုပ်ငန်းစဉ် ၂၆ ခုတို့က ကျောက်စိမ်းနဲ့ ပတ္တမြား တူးဖော်ခွင့်လိုင်စင် အမြောက်အမြား ရရှိထားကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်ပကုမ္ပဏီပေါင်း ၁၅ ခုက ဖက်စပ်လုပ်နေကြပြီး ပြည်ပကုမ္ပဏီ အနည်းဆုံး ၄၄ ခုနဲ့လည်း တခြားစီးပွားရေးဆက်ဆံမှုတွေ ရှိကြောင်းလည်း ဖော်ပြထားပါတယ်။ တပ်မတော်ပိုင် MEHL၊ MEC တို့နဲ့ပတ်သက်တဲ့ ပြည်ပစီးပွားရေးလုပ်ငန်း အားလုံးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ၊ ဒါမှမဟုတ် ထိုပြစ်မှုတို့နဲ့ ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်ခြေများကြောင်း၊ အနည်းဆုံးအနေနဲ့ ပြည်ပကုမ္ပဏီတွေက တပ်မတော်အား ငွေရေးကြေးရေး ထောက်ပံ့ပေးရာ ရောက်တယ်လို့ မစ်ရှင်က ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှစပြီး ၇ နိုင်ငံမှ ပြည်ပကုမ္ပဏီပေါင်း အနည်းဆုံး ၁၄ ခုက တပ်မတော်အား လက်နက်တွေနဲ့ သက်ဆိုင်ရာ ပစ္စည်းကိရိယာများ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ လက်နက်ပစ္စည်းတွေနဲ့ တပ်မတော်က လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ရာမှာ အသုံးပြုနေကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွက် ကုမ္ပဏီအဖွဲ့အစည်း ၄၅ ခုက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ သန်းတန် ငွေကြေးတွေကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ အဆိုပါကုမ္ပဏီတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ပံ့ပိုးပေးသူ၊ ပြစ်မှုရှိသူနဲ့ ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်ခြေများတယ်လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံအခြေခံဉပဒေကို ပြင်ဆင်ပြီး တပ်မတော်ကို အရပ်ဘက်ထိန်းချုပ်မှုအောက်ကို အပြည့်အစုံရောက်ရှိရေး လုပ်ဖို့၊ လွှတ်တော်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ တပ်မတော်ဝင်ငွေအားလုံး တားမြစ်ဖို့၊ တပ်မတော်ကို စီးပွားရေးလုပ်ငန်းတွေမှာ မလုပ်ကိုင်နိုင်ရေးအတွက် တားမြစ်ရေး လုပ်ဆောင်ဖို့ မြန်မာအစိုးရကို မစ်ရှင်က အကြံပြု တိုက်တွန်းထားပါတယ်။ MEHL၊ MEC တို့ရဲ့ လက်ခွဲလုပ်ငန်းအားလုံးက အခွန်ဆောင်မှု၊ စာရင်းကိုင်နဲ့ ဘဏ္ဍာရေးစည်းမျဉ်း အားလုံးကို လိုက်နာဖို့ သေသေချာချာ ဆောင်ရွက်ပြီး အဲဒီစီးပွားရေး လှုပ်ရှားမှုတွေ၊ လည်ပတ်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်အားလုံးကို အများသိအောင် ထုတ်ဖော် ပြောကြားဖို့လည်း တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ လူသားတမျိုးနွယ်လုံးအပေါ် သက်ရောက်တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်တာနဲ့ ပြည်နှင်ထုတ်မှုတို့ရဲ့ လက္ခဏာတွေ တွေ့ရပြီး ချိုးဖောက်မှုတွေကို အဓိက ကျူးလွန်ခဲ့သူဟာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့တွေ၊ အထူးသဖြင့် စစ်တပ်ဖြစ်တယ်လို့ ဆိုပါတယ်။ မှတ်တမ်းတင်ခဲ့တဲ့ ချိုးဖောက်မှု အများစုဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေလက်အောက်ရှိ အဆိုးရွားဆုံးသော ရာဇဝတ်မှုအရာ ရောက်တာကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် ကွပ်ကဲမှုအဆင့်ဆင့်က အကြီးတန်း အရာရှိတွေကို ဂျန်နိုဆိုက် (ခေါ်) မျိုးဖြုတ်ခြင်းပြစ်မှုအတွက် အရည်အချင်းပြည့်ဝသော တရားခုံရုံးတရုံးကနေ စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုဖို့ အချက်အလက် လုံလုံလောက်လောက် ရှိတယ်လို့လည်း မစ်ရှင်က ကောက်ချက်ချထားပါတယ်။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပေမယ့် မရပါဘူး။
Zawgyi Version တပ္မေတာ္အပါအဝင္ ကုမၸဏီအခ်ိဳ႕ကို အေရးယူရန္ႏွင့္ လက္နက္မေရာင္းရန္ ကုလမစ္ရွင္ တိုက္တြန္း DVB လက္နက္မေရာင္းခ်ဖို႔ အပါအဝင္ တပ္မေတာ္နဲ႔ ဆက္ႏႊယ္ပတ္သက္တဲ့ စီးပြားေရး အဆက္အသြယ္အားလုံးကို အေရးယူေပးဖို႔ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္အဖြဲ႔က ႏိုင္ငံတကာကို တိုက္တြန္းေတာင္းဆိုလိုက္ပါတယ္။ ျမန္မာ့တပ္မေတာ္၏ စီးပြားေရးအက်ိဳးစီးပြားမ်ား အမည္နဲ႔ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ ရွာေဖြေရး မစ္ရွင္အဖြဲ႔က ဩဂုတ္ ၅ ရက္ေန႔က ထုတ္ျပန္ေတာင္းဆိုလိုက္တာပါ။ တပ္မေတာ္ပိုင္ စီးပြားေရးလုပ္ငန္းေတြျဖစ္တဲ့ ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) တို႔ဟာ စီးပြားေရးက႑ အမ်ိဳးေပါင္းစုံ၊ ေဆာက္လုပ္ေရးနဲ႔ ေက်ာက္မ်က္ထုတ္ယူေရးကအစ ကုန္ထုတ္လုပ္ငန္း၊ အာမခံလုပ္ငန္း၊ ခရီးသြားလုပ္ငန္း၊ ဘဏ္လုပ္ငန္း စတဲ့က႑တို႔မွ စီးပြားေရးလုပ္ငန္းေပါင္း ၁၂၀ နဲ႔ အနီးကပ္ ဆက္စပ္မႈရွိေသာ ေနာက္ထပ္စီးပြားေရးလုပ္ငန္းေပါင္း ၂၇ ခုတို႔ကို ပိုင္ဆိုင္ထားတာေၾကာင့္ တပ္မေတာ္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အာဏာကို ပိုမိုခိုင္ၿမဲေစၿပီး တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ စစ္ဆင္ေရးမ်ားအတြက္ ေငြေရးေၾကးေရး ေထာက္ပံ့ေပးေနတယ္လို႔ မစ္ရွင္က ဆိုပါတယ္။ ဒါ့အျပင္ သတၱဳတြင္း၊ ေမွာ္တြင္းေဒသေတြအတြက္ အထူးသျဖင့္ ကခ်င္ျပည္နယ္မွာ ေခြၽးတပ္ဆြဲတာ၊ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တာေတြ အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈတို႔ကို တပ္မေတာ္က စီးပြားေရး လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး က်ဴးလြန္ခဲ့တယ္လို႔လည္း‌ ေဖာ္ျပထားပါတယ္။ ကခ်င္နဲ႔ ရွမ္းျပည္နယ္တို႔မွာလည္း MEHL၊ MEC တို႔ရဲ႕ လက္ခြဲလုပ္ငန္းစဥ္ ၂၆ ခုတို႔က ေက်ာက္စိမ္းနဲ႔ ပတၱျမား တူးေဖာ္ခြင့္လိုင္စင္ အေျမာက္အျမား ရရွိထားၾကတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ တပ္မေတာ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြနဲ႔ ျပည္ပကုမၸဏီေပါင္း ၁၅ ခုက ဖက္စပ္လုပ္ေနၾကၿပီး ျပည္ပကုမၸဏီ အနည္းဆုံး ၄၄ ခုနဲ႔လည္း တျခားစီးပြားေရးဆက္ဆံမႈေတြ ရွိေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ တပ္မေတာ္ပိုင္ MEHL၊ MEC တို႔နဲ႔ပတ္သက္တဲ့ ျပည္ပစီးပြားေရးလုပ္ငန္း အားလုံးဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈတို႔အေပၚ ပံ့ပိုးျဖည့္ဆည္းေပးသူ၊ ဒါမွမဟုတ္ ထိုျပစ္မႈတို႔နဲ႔ ဆက္ႏႊယ္သူအျဖစ္ သတ္မွတ္ခံရႏိုင္ေျခမ်ားေၾကာင္း၊ အနည္းဆုံးအေနနဲ႔ ျပည္ပကုမၸဏီေတြက တပ္မေတာ္အား ေငြေရးေၾကးေရး ေထာက္ပံ့ေပးရာ ေရာက္တယ္လို႔ မစ္ရွင္က ဆိုပါတယ္။ ၂၀၁၆ ခုႏွစ္မွစၿပီး ၇ ႏိုင္ငံမွ ျပည္ပကုမၸဏီေပါင္း အနည္းဆုံး ၁၄ ခုက တပ္မေတာ္အား လက္နက္ေတြနဲ႔ သက္ဆိုင္ရာ ပစၥည္းကိရိယာမ်ား ေပးပို႔ခဲ့ေၾကာင္း၊ အဆိုပါ လက္နက္ပစၥည္းေတြနဲ႔ တပ္မေတာ္က လူ႔အခြင့္အေရး ဆိုးရြားစြာ ခ်ိဳးေဖာက္ရာမွာ အသုံးျပဳေနေၾကာင္း ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရးအတြက္ ကုမၸဏီအဖြဲ႕အစည္း ၄၅ ခုက အေမရိကန္ေဒၚလာ ၁၀ ဒသမ ၂ သန္းတန္ ေငြေၾကးေတြကို ေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ အဆိုပါကုမၸဏီေတြဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈကို ပံ့ပိုးေပးသူ၊ ျပစ္မႈရွိသူနဲ႔ ဆက္ႏႊယ္သူအျဖစ္ သတ္မွတ္ခံရႏိုင္ေျခမ်ားတယ္လို႔ ဆိုပါတယ္။ ဖြဲ႔စည္းပုံအေျခခံဉပေဒကို ျပင္ဆင္ၿပီး တပ္မေတာ္ကို အရပ္ဘက္ထိန္းခ်ဳပ္မႈေအာက္ကို အျပည့္အစုံေရာက္ရွိေရး လုပ္ဖို႔၊ လႊတ္ေတာ္ထိန္းခ်ဳပ္မႈေအာက္မွာ မရွိတဲ့ တပ္မေတာ္ဝင္ေငြအားလုံး တားျမစ္ဖို႔၊ တပ္မေတာ္ကို စီးပြားေရးလုပ္ငန္းေတြမွာ မလုပ္ကိုင္ႏိုင္ေရးအတြက္ တားျမစ္ေရး လုပ္ေဆာင္ဖို႔ ျမန္မာအစိုးရကို မစ္ရွင္က အႀကံျပဳ တိုက္တြန္းထားပါတယ္။ MEHL၊ MEC တို႔ရဲ႕ လက္ခြဲလုပ္ငန္းအားလုံးက အခြန္ေဆာင္မႈ၊ စာရင္းကိုင္နဲ႔ ဘ႑ာေရးစည္းမ်ဥ္း အားလုံးကို လိုက္နာဖို႔ ေသေသခ်ာခ်ာ ေဆာင္႐ြက္ၿပီး အဲဒီစီးပြားေရး လႈပ္ရွားမႈေတြ၊ လည္ပတ္မႈေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္အားလုံးကို အမ်ားသိေအာင္ ထုတ္ေဖာ္ ေျပာၾကားဖို႔လည္း တိုက္တြန္းထားပါတယ္။ ရခိုင္ျပည္နယ္မွာ လူသားတမ်ိဳးႏြယ္လုံးအေပၚ သက္ေရာက္တဲ့ ရာဇဝတ္မႈေတြျဖစ္တဲ့ လူအစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္တာနဲ႔ ျပည္ႏွင္ထုတ္မႈတို႔ရဲ႕ လကၡဏာေတြ ေတြ႔ရၿပီး ခ်ိဳးေဖာက္မႈေတြကို အဓိက က်ဴးလြန္ခဲ့သူဟာ ျမန္မာ့လုံၿခဳံေရးတပ္ဖြဲ႔ေတြ၊ အထူးသျဖင့္ စစ္တပ္ျဖစ္တယ္လို႔ ဆိုပါတယ္။ မွတ္တမ္းတင္ခဲ့တဲ့ ခ်ိဳးေဖာက္မႈ အမ်ားစုဟာ အျပည္ျပည္ဆိုင္ရာ ဥပေဒလက္ေအာက္ရွိ အဆိုးရြားဆုံးေသာ ရာဇဝတ္မႈအရာ ေရာက္တာေၾကာင့္ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ကိစၥနဲ႔ ပတ္သက္လို႔ တပ္မေတာ္ ကြပ္ကဲမႈအဆင့္ဆင့္က အႀကီးတန္း အရာရွိေတြကို ဂ်န္ႏိုဆိုက္ (ေခၚ) မ်ိဳးျဖဳတ္ျခင္းျပစ္မႈအတြက္ အရည္အခ်င္းျပည့္ဝေသာ တရားခုံ႐ုံးတ႐ုံးကေန စုံစမ္းစစ္ေဆးၿပီး တရားစြဲဆိုဖို႔ အခ်က္အလက္ လုံလုံေလာက္ေလာက္ ရွိတယ္လို႔လည္း မစ္ရွင္က ေကာက္ခ်က္ခ်ထားပါတယ္။ ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရး မစ္ရွင္အဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကို ဒီဗြီဘီက ဆက္သြယ္ေမးျမန္းေပမယ့္ မရပါဘူး။
2 years Ago
Up