ကုလပြော

A d v e r t i s e m e n t With Us

July 10, 2020

WHO အဖွဲ့မှ အမေရိကန် နုတ်ထွက်မှုကို ပြန်စစ်မည်ဟု ကုလပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ အမေရိကန်ပြည်ထောင်စုဟာ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။  ကုလသမဂ္ဂပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း WHO ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ကြည့်ပြီး  အမေရိကန်ရဲ့ နှုတ် ထွက်မှုကို ပြန်စစ်ကြည့်မယ်လို့ ပြောပါတယ် ။  WHO ကနေ အမေရိကန်ပြည်ထောင်စုရဲ့ နုတ်ထွက်မှုဟာ လာမယ့်နှစ် ဇူလိုင်လ ၆ ရက်မှာ စတင်ပါမယ်။  အမေရိကန်ပြည်ထောင်စုဟာ ကုလသမဂ္ဂအတွက်  ပေးရမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွက်  ဒေါ်လာ ၁၁၆ သန်းကို မပေးသေးသလို ၂၀၁၉ ပုံမှန်ဘတ်ဂျတ်အတွက်  ဒေါ်လာ ၄၁ ဒဿမ ၈ သန်း ကျန်နေပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ ဇူလိုင် ၁၀ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေဟာ ၃.၂ သန်းကျော်ရှိပြီလို့ သိရပါတယ်။
8 months Ago

January 11, 2020

ကွန်ဂို မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့၏ လူသတ်အကြမ်းဖက်မှု ဂျီနိုဆိုက် ဖြစ်နိုင်ဟု ကုလပြော

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မျိုးနွယ်စုလက်နက်ကိုင်အဖွဲ့ရဲ့ လူသတ်၊ အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက် အကြမ်းဖက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့သဘော သက်ရောက်ပြီး ဂျီနိုဆိုက် ဖြစ်နိုင်လောက်တယ်လို့  ကုလသမဂ္ဂက ဇန်နဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။  ၂၀၁၇ ဒီဇင်ဘာကနေ ၂၀၁၉ စက်တင်ဘာအထိ ဂျူဂူနဲ့ မဟာဂီနယ်မြေတွေက ဟေမာနဲ့ လန်ဒူ အသိုက်အဝန်း နှစ်ခုအကြား အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၇၀၁ ယောက် ထက်မနည်း သေဆုံးကာ  ၁၆၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။  လန်ဒူလက်နက်ကိုင်အဖွဲ့တွေက ဟေမာတိရစ္ဆာန်တွေ ကျောင်းတဲ့သူတွေကို  စနစ်တကျ တိုက်ခိုက်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး လန်ဒူတွေရဲ့ ဘိုဘေးပိုင် မြေတွေကနေ ဟေမာ မျိုးနွယ်စုတွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြပါတယ်။  ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပဋိပက္ခတွေကြောင့် လူပေါင်း  ၅၇၀၀၀ နီးပါး ယူဂန္ဓာနိုင်ငံကို ထွက်ပြေးခဲ့ရပြီး လူ ၅ သိန်းလောက်ဟာလည်း နိုင်ငံတွင်း  နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 
1 year Ago
Up