ကုလက

December 23, 2017

ကုလက မြောက်ကိုရီးယားကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်

တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေနဲ့ ခြိမ်းခြောက်နေတဲ့ မြောက် ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်လိုက်ပါတယ်။ အရင်ကတည်းက မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်၊ အီးယူနဲ့ ကုသသမဂ္ဂတို့က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီးဖြစ်ကာ ဒါကတော့ နောက်ထပ်တိုးမြှင့်ချ မှတ်လိုက်တဲ့ အရေးယူမှုဖြစ်လာခဲ့တာပါ။ အခုဆုံးဖြတ်ချက်ကိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာသုံးခွင့်ရ အဖွဲ့ဝင်နိုင်ငံတွေလည်းဖြစ်ပြီး မြောက်ကိုရီးယားနဲ့ အဓိကကုန်သွယ်ဘက်နိုင်ငံတွေ လည်း ဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတွေအပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေအားလုံးက တညီတညွတ်တည်း ထောက်ခံဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအရေးယူပိတ်ဆို့မှုတွေထဲမှာ မြောက်ကိုရီးယားနိုင်ငံတွင်း တင်သွင်းတဲ့ လောင် စာဆီတွေကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပစ်လိုက်တာလည်း ပါဝင်တယ်လို့ ဘီဘီစီသ တင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီလောင်စာဆီတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ထုတ်လုပ်မှုတွေကို အားပေးထောက်ပံ့ရာ ရောက်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိ ချမှတ်လိုက်တဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေအရ မြောက်ကိုရီးယားနိုင်ငံဟာ တနှစ်ကို ရေနံစိမ်းစည် ၄ သန်းနဲ့ ဓာတ်ဆီ ပီပါ ၅ သိန်းသာ တင်သွင်းခွင့်ရရှိတော့မှာ ဖြစ်ပါ တယ်။ တခြားပိတ်ဆို့ အရေးယူမှုတွေထဲမှာ မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ လျှပ်စစ် ပစ္စည်းနဲ့ စက်ပစ္စည်းတွေကို မ၀ယ်ယူဖို့၊ ပြည်ပမှာ ထွက်အလုပ်လုပ်နေကြတဲ့ မြောက်ကို ရီးယားနိုင်ငံသားတွေကို ၂ နှစ်အတွင်း နိုင်ငံတွင်း ပြန်ပို့ဖို့ စတာတွေလည်း ပါဝင်နေတာ ပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒါကို ထောက်ခံကြိုဆိုလိုက်ပြီး တွစ်တာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ကမ္ဘာကြီးက လိုချင်တာ ငြိမ်းချမ်းရေးပဲ၊ သေခြင်းတရား မဟုတ်ပါဘူး” လို့ ရေးသားခဲ့တာကို တွေ့ရပါတယ်။
3 years Ago
Up