ကုမ္ပဏီ

May 20, 2019

ဟွာဝေး ကုမ္ပဏီ ထုတ်ကုန်များ ပုံမှန်အတိုင်း ၀န်ဆောင်မှုပေးမည်ဟု ကြေညာ

မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ ဟွာဝေးရဲ့ ရောင်းချပြီး၊ ရောင်းချနေတဲ့ထုတ်ကုန်တွေအနေနဲ့ ဝန်ဆောင်မှုတွေကို ပုံမှန် အတိုင်းရရှိမှာဖြစ်တယ်လို့ ဟွာဝေးကုမ္ပဏီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ဟွာဝေးက ရောင်းချခဲ့ပြီးတဲ့ ထုတ်ကုန်တွေ၊ ဈေးကွက်ထဲမှာ ပစ္စည်းရှိနေတဲ့ ဟွာဝေးထုတ်ကုန်တွေအားလုံးဟာ Security Update အပါအဝင် တခြား Update နဲ့ ဝန်ဆောင်မှုတွေကို အရင်အတိုင်း ဆက်ရမယ်လို့ ဆိုပါတယ်။ အသုံးပြုသူအားလုံးအတွက် ပိုပြီးကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပေးနိုင်ဖို့ လုံခြုံစိတ်ချပြီး ခိုင်မာတဲ့ စနစ်ကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဟွာဝေးဟာ တကမ္ဘာလုံးမှာ အန်းဒရိုက်စနစ်တိုးတက်ဖို့နဲ့ ကြီးထွားတိုးတက်လာဖို့ အတွက် ဆောင်ရွက်ခဲ့သလို အန်းဒရိုက်ရဲ့ အရေးပါတဲ့ မိတ်ဖက် ဖြစ်တဲ့အတွက် သူတို့ရဲ့ open-source platform နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသုံးပြုသူတွေ အတွက်သာမက နယ်ပယ်တခုလုံး အကျိုးရှိစေမယ့် အန်းဒရိုက်စနစ်တခု တည်ဆောက်ရေး အတွက် တထောင့် တနေရာက ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်သမ္မတရဲ့ ညွှန်ကြားချက်ထွက်လာပြီးနောက် ဂူဂဲလ်ဟာ  ဟွာဝေးကို အန်းဒရိုက်နဲ့ တခြား ဂူဂဲလ်ရဲ့ ဝန်ဆောင်မှုတွေ မပေးတော့ဘူးလို့ ကြေညာထားပါတယ်။ ဓာတ်ပုံ- HUAWEI
2 years Ago

March 30, 2019

တရုတ်ဟွာဝေးကုမ္ပဏီ စမတ်ဖုန်းရောင်းချမှု စံချိန်တင် အမြတ်အစွန်းရရှိ

တရုတ်ဟွာဝေးနည်းပညာကုမ္ပဏီဟာ စမတ်ဖုန်းရောင်းချမှု စံချိန်တင်ခဲ့ပြီး အဲဒီကနေ နှစ်စဉ် အမြတ်အစွန်း  ပိုမိုရခဲ့တယ်လို့ ကုမ္ပဏီက မတ်လ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။ ရှန်းဇန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဟွာဝေးက ၂၀၁၈ ခုနှစ်မှာ P series နဲ့  Mate series လို ထိပ်တန်းမိုဒယ်ရောင်းအားကြောင့် စမတ်ဖုန်းရောင်းချငွေ အမေရိကန် ဒေါ်လာ ၅၂ ဘီလျံနဲ့  စံချိန်တင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ဇန်န၀ါရီလတုန်းက စမတ်ဖုန်းရောင်းချငွေနဲ့ အတူတူဖြစ်ပြီး အဲဒီတုန်းကလည်း ဟွာဝေးအနေနဲ့ ဒီနှစ်မှာ ကမ္ဘာ့အရောင်းရဆုံး စမတ်ဖုန်း ရောင်းချသူ ဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဟွာဝေးရဲ့ ၂၀၁၈ အသားတင်အမြတ်ငွေ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံရှိပြီး လွန်ခဲ့တဲ့ နှစ်ကထက် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဟွာဝေးကုမ္ပဏီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ ကောင်းပင်းက အမေရိကန် အစိုးရကို ရှုံးမဲ မမဲဖို့ တိုက်တွန်းပြီး ဟွာဝေးဟာ တရုတ်အစိုးရအတွက် သူလျှိုလုပ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အဓိပ္ပာယ် မရှိဘူးလို့ ထပ်ပြောခဲ့ပါတယ်။ ဟွာဝေးဟာ တရုတ်အစိုးရရဲ့ သြဇာခံမဟုတ်ဘူးလို့ ကုမ္ပဏီက ထပ်တလဲလဲ ပြောထားပါတယ်။
2 years Ago
More News
Up