ကုမ္ပဏီအမည်

A d v e r t i s e m e n t With Us

May 1, 2020

ကုမ္ပဏီအမည်၊ နိုင်ငံနှင့်အမှတ်တံဆိပ် မပါသည့် Mask များ စစ်ဆေးတွေ့ရှိ၊ မသုံးကြရန် သတိပေး

ကုမ္ပဏီအမည်၊ နိုင်ငံနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မပါတဲ့ Mask တွေ စစ်ဆေးတွေ့ရှိထားပြီး ပြည်သူတွေ ဝယ်ယူအသုံးမပြုကြဖို့ အက်ဖ်ဒီအေက ဧပြီ ၃၀ ရက်မှာ သတိပေးလိုက်ပါတယ်။ အဲဒီ နှာခေါင်းစည်း  (Mask) တွေမှာ တရုတ်စာတွေနဲ့ ဖော်ပြထားပြီး ဘူးခွံမှာ ပါရှိတဲ့ နှာခေါင်းစည်းတွေဟာ ကြိုးတွေပြုတ်ထွက်တာ၊ ပြန်ကပ်ထားတဲ့ ကော်အရာတွေတွေ့ရှိပြီး ဘူးခွံမှာလည်း ကုမ္ပဏီအမည်၊ နိုင်ငံနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ မပါတာကြောင့် ပြည်သူတွေ မသုံးကြဖို့နဲ့ စိစစ်ဝယ်ယူကြဖို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (အက်ဖ်ဒီအေ) က တိုက်တွန်းထားပါတယ်။ ပြည်သူတွေအနေနဲ့ ကုမ္ပဏီအမည်၊ နိုင်ငံနဲ့ ထုတ်လုပ်တဲ့ ရက်စွဲ အတိအကျပါတဲ့ နှာခေါင်းစည်းတွေကိုသာ ဝယ်ယူအသုံးပြုကြဖို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
10 months Ago
Up