ကုမ္ပဏီစောင့်ဝန်ထမ်း

A d v e r t i s e m e n t With Us

May 28, 2020

ဖားကန့်တွင် ကုမ္ပဏီစောင့်ဝန်ထမ်း ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူ ဝှေခါကျေးရွာမှာ တစ်သုံးလုံးကုမ္ပဏီက အသက် ၂၉ နှစ် အရွယ်အစောင့်ဝန်ထမ်းတဦး မေ ၂၇ ရက်ညနေ ၃ နာရီလောက်က ဓားထိုးခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဝှေခါအုပ်ချုပ်ရေးမှူး ဦးကျော်မင်းက ပြောပါတယ်။

"အခုဖြစ်တဲ့နေရာက တစ်သုံးလုံးကုမ္ပဏီရဲ့ ကျောက်ကျောမရှာမသေးတဲ့ မြေစာပုံကွင်းပါ။ ရေမဆေးသမားတွေ ကျောက်ရှာလို့ရတဲ့ မြေစာပုံ မဟုတ်ဘူး။ ခြံစည်းရိုးခတ်မထားပေမဲ့ အစောင့်ထားထားတယ်။ ကန့်သတ်နယ်မြေပါ။ အစောင့်က ရှာလို့ မရဘူးပြောလို့ ဓားနဲ့ တချက်ထိုးသွားတာ အုပ်စု ၂၀ လောက်ရှိတယ် သိရတယ်။ တကယ့်ရေမဆေးသမားတွေဆိုတာ အုပ်စု ရာချီတယ်။ ဒီလိုအဖြစ်မျိုး ဝှေခါမှာ ဘယ်တုန်းကမှ ဖြစ်တယ် မကြားဖူးဘူး။”

သေဆုံးသူမှာ လုံးခင်းမြို့နေသူ တစ်သုံးလုံးကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်း မောင်နေလင်းအောင် ဖြစ်ပြီး ဝဲဖက်ရင်ညွန့်ထိုးသွင်းဒဏ်ရာ တချက်တည်းနဲ့ သေဆုံးခဲ့ရတာပါ။

ဖားကန့်ရဲစခန်းမှ တရားခံဖမ်းမိဖို့ လုပ်ဆောင်နေပြီး ဝှေခါမှာ မတော်တဆသေဆုံးမှု ၂၀၂၀ မေလအထိ ၃ ဦးခန့်သာရှိသေးပြီး ဓားထိုးခံရမှုမှာ အခုပထမအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

 

သတင်း - မုန်းမုန်းမင်း 

9 months Ago
Up