ကုန်းတွင်းပိုင်း

May 19, 2020

စူပါဆိုင်ကလုန်း အမ်ဖန် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုံး အမ်ဖန်ဟာ စူပါဆိုင်ကလုန်း မုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာပြီး ၃၆ နာရီအတွင်း ကုန်းတွင်းကို ဝင်ရောက်မယ်လို့ စီအန်အန်သတင်းက ဖော်ပြပါတယ်။  အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူသန်းပေါင်းများစွာဟာ မုန်တိုင်းကျမယ့်လမ်းကြောင်းမှာ ရှိပြီး အပျက်အစီးများတဲ့ လေပြင်းတွေနဲ့  မိုးကြီးခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အားအကောင်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့  စူပါဆိုင်ကလုန်း အမ်ဖန်ဟာ လေတိုက်နှုန်း ၁ နာရီ ၁၆၅ မိုင်အထိ တိုက်ခတ်ခဲ့တယ်လို့ အမေရိကန် ပူးတွဲတိုက်ဖွန်းသတိပေးစင်တာ အချက်အလက်တွေအရ သိရပါတယ်။  မုန်တိုင်းဟာ အနည်းငယ် အားပျော့သွားပေမယ့် အတ္တလန္တိတ် ဟာရီကိန်း အဆင့် ၄ နဲ့ ညီမျှနေပြီး လေတိုက်နှုန်း ၁ နာရီ မိုင် ၁၅၀ အထိ တိုက်ခတ်နေပါတယ်။ စူပါဆိုင်ကလုံးဟာ မေ ၂၀ ရက် ညနေမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကာလကတ္တားမြို့အနီး ကုန်းတွင်းပိုင်းကို  ဝင်ရောက်ဖွယ်ရှိပါတယ်။  ကာလကတ္တားမြို့မှာ လူဦးရေ ၁၄ သန်းကျော် နေထိုင်ကြတာ ဖြစ်ပါတယ်။
11 months Ago
Up