ကုန်းဇောင်းရွာ

May 9, 2021

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းရွာအုပ်ချုပ်ရေးမှူး၏ သမီးနေအိမ် ဗုံးကွဲ

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာက အုပ်ချုပ်ရေးမှူးရဲ့ သမီးနေအိမ်မှာ မေ ၉ ရက် မနက် ၄ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

အုပ်ချုပ်ရေးမှူးသမီးဖြစ်သူဟာ အကြမ်းဖက်အဖွဲ့ကို သတင်းပေးနေတာကြောင့် ဒေသခံတွေက ဒလံအဖြစ် ကြေညာထားတာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ်တံခါးမှန်တွေ ကွဲပြီး မြေကျင်းများ ဖြစ်သွားခဲ့ကာ လက်တလောမှာ  အကြမ်းဖက်စစ်ကောင်စီရဲ့လက်ပါးစေတွေက လုံခြုံရေးယူထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်ထဲမှာ မေ  ၈ ရက် ညကလည်း လယ်ကိုင်းရဲစခန်းနဲ့ကျောင်းတော်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ဆက်တိုက်ပေါက်ကွဲခဲ့ပြီးတော့ လယ်ကိုင်းရွာက ပြည်သူ ၁၀ ယောက်လောက်ကို ဖမ်းဆီးခံထားရတယ်လို့ ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ မတည်မငြိမ်ဖြစ်တယ်ဆိုပြီး ပြသနိုင်အောင် အကြမ်းဖက် စစ်ကောင်စီဘက်က ဖောက်ခွဲတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

7 months Ago
Up