ကုန်သွယ်ရေးသဘောတူညီ

January 1, 2020

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ထိုးမည်ဟု သမ္မတ ထရမ့်ပြော

အမေရိကန်-တရုတ် ကုန်သွယ်ရေးသဘောတူညီချက် အဆင့် -၁ ကို   ဇန်နဝါရီ ၁၅ ရက်မှာ လက်မှတ်ရေးထိုးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၃၁ ရက်မှာပြောလိုက်ပါတယ်။ သမ္မတ  ထရမ့်က အိမ်ဖြူတော်မှာ တရုတ်အစိုးရ အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့  အဆင့်- ၁ ကို လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ဘေဂျင်းကို သွားရောက်ကာ  နောက်တဆင့် ဆွေးနွေးပွဲ စတင်မယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားကုန်သွယ်ရေး စစ်ပွဲရှောင်ရှားမယ့် အကန့်အသတ်နဲ့  သဘောတူညီချက်ကို ဒီဇင်ဘာလက ရရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်ဒေါ်လာ ထရီလီယံဝက်ကျော်  တန်ဖိုးရှိတဲ့ ကုန်စည်တွေဟာ သွင်းကုန်ခွန်သစ်တွေ စည်းကြပ်ခံရမှာဖြစ်ပါတယ်။  အမေရိကန် အစိုးရဟာ အမေရိကန် ဒေါ်လာ ၁၅၆ ဘီလီယံတန်ဖိုးရှိတဲ့ တရုတ်ကုန်စည်တွေအပေါ်  သွင်းကုန်ခွန် မစည်းကြပ်ဖို့ သဘောတူညီခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာက ပြုလုပ်ခဲ့တဲ့  အမေရိကန် ဒေါ်လာ ဘီလီယံ ၁၂၀ တန်ဖိုးရှိတဲ့ သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှာကို တဝက်လျှော့ချဖို့ သဘောတူခဲ့တယ်လို့ Financial  Times သတင်းမှာ ဖော်ပြပါတယ်။ 
2 years Ago
Up